Sunday, August 19, 2018

0 Windows 10 မှာ VPN ထည့်နည်း



Windows 10 မှာ VPN connection ကို ထည့်သွင်း အသုံးပြုချင်သူတွေအတွက် Windows 10 settings မှာ ထည့်သွင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ VPN connection ကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြ ထားတဲ့အတိုင်း setup ပြုလုပ်နိုင်ပါတယ်။
ပထမဆုံး Start menu button ကို နှိပ်ပြီး Settings ဆိုတာကိုရွေးချယ်ပါ။

Settings ထဲကိုရောက်ပြီဆိုရင် Network & Internet ဆိုတာကိုရွေးချယ်ရပါမယ်။

Network & Internet ထဲကမှ ဘယ်ဘက်အခြမ်းမှာရှိတဲ့ VPN ကို နှိပ်ပါ။ ပြီးရင် ညာဘက်အခြမ်းက Add a VPN connection ဆိုတာကို နှိပ်ရပါမယ်။

ဒီနေရာမှာ VPN service တစ်ခုခု မရှိတဲ့သူတွေဆိုရင်တော့https://hide.me/en ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ vpn service ကို အခမဲ့ ရယူနိုင်ပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာမှာ Sign up ပြုလုပ်ပြီး အခမဲ့ vpn service ကို ရယူနိုင်ပါတယ်။
VPN Provider ဆိုတဲ့နေရာကို ရောက်ရင် ကလစ်နှိပ်လိုက်တာနဲ့ Windows (built-in) ဆိုတာကို ရွေးပေးထား ပါလိမ့်မယ်။

Connection Name ဆိုတဲ့နေရာမှာ ကိုယ်အသုံးပြုမယ့် VPN အတွက် နာမည်ကိုထည့်ပေးပြီး Server name or address ဆိုတဲ့နေရာမှာ ကိုယ်သုံးစွဲတဲ့ VPN ရဲ့ လိပ်စာကို ထည့်သွင်းပေးရပါမယ်။
VPN Type မှာလည်း ကိုယ်သုံးစွဲတဲ့ VPN အမျိုးအစားကိုရွေးချယ်ရပါမယ်။ hide me ကနေ အခမဲ့ vpn service ကို အသုံးပြုတယ်ဆိုရင် PPTP အမျိုးအစားကိုရွေးချယ်ပေးလိုက်ပါ။ User Name ဆိုတဲ့နေရာမှာ VPN client မှာ ကိုယ်အသုံးပြုတဲ့ user name ကို အသုံးပြုပြီး Password ကလည်း ၎င်း user name နဲ့တွဲဖက်သုံးတဲ့ password ကို ထည့်သွင်းပေးရပါမယ်။ ပြီးရင် Save ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ပါ။

ဒါဆိုရင် Windows 10 Settings ထဲက VPN connection နေရာမှာ စောစောကထည့်ထားတဲ့ VPN Name ကိုတွေ့ရပါလိမ့်မယ်။ Connect ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် VPN ကို စတင်ချိတ်ဆက်သွားပါလိမ့်မယ်။

0 comments:

Post a Comment

1. Di Larang Mencantumkan LINK !

2. Gunakanlah bahasa yang sopan dalam berkomentar !

3. Hindari SPAM, SARA dsb !