Wednesday, August 15, 2018

0 Clickjacking ဆိုတာဘာလဲ?

Clickjacking ဆိုတာ Attacker က Victim ကို သူ click လုပ်ခိုင်းချင်တဲ့ hidden လုပ်ထားတဲ့ link သို့ မဟုတ် buttons ကို click လုပ်အောင် cheat လုပ်တာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ hidden link / buttons တွေကို background အရောင်နဲ့ ထပ်တူဖြစ်အောင်ဖန်တီးထားတတ်ကြပါတယ်။
Clickjacking လုပ်နိုင်ဖို့ အတွက်လည်း web browser တွေရဲ့  security ပိုင်းအားနည်းချက်ကရှိနေပါတယ်။ အဲ့ဒါကတော့ web page တွေကို မူလ general view ကနေတဆင့် hidden layer တွေ ကို allow လုပ်ထားလို့ ပါပဲ။
Clickjacking ဆိုတာကို ဥပမာအနေနဲ့  အောက်က hidden layer ကို victim က မမြင်ရပါဘူး အပေါ်က အုပ်ထားတဲ့ layer မှာက download button လိုမျိုး ဒါမှမဟုတ် play button လိုမျိုး တစ်ခုခုကိုပဲ မြင်ရပါမယ်။ တကယ်လို့  victim က အဲ့ဒီ download/play button ကို နှိပ်လိုက်တဲ့အခါမှာ သူတကယ်နှိပ်မိတာက အဲ့ဒီ button တွေအောက်မှာ hidden လုပ်ထားတဲ့ layer မှာရှိတဲ့ Attacker နှိပ်စေချင်တဲ့ button ကို အလိုလို နှိပ်ပြီးသား automatic ဖြစ်သွားပြီဖြစ်ပါတယ်။
အဲ့ဒီလိုနည်းနဲ့  attacker တစ်ယောက်ဟာ victim ကို သူ နှိပ်စေချင်တဲ့ link/button ကို နှိပ်ခိုင်းသွားခြင်းကို Clickjacking လုပ်တယ်လို့ ခေါ်ပါတယ်။

0 comments:

Post a Comment

1. Di Larang Mencantumkan LINK !

2. Gunakanlah bahasa yang sopan dalam berkomentar !

3. Hindari SPAM, SARA dsb !