ကျနော်တို့တွေဟာအင်တာနက်ပေါ်မှာမကောင်းမှုလုပ်ချင်ရင်ဖြစ်ဖြစ် မိမိအမှန်တကယ်သုံးနေတဲ့နေရာ ကိုမသိစေချင်တာဖြစ်ဖြစ်၊ဟက်ကင်းတွေလုပ်လိုတာပဲဖြစ်ဖြစ်၊ဆိုက်တွေကိုကျော်ခွချင်တာဖြစ်ဖြစ် Proxyတွေ ကျော်ခွဆိုက်တွေသုံးကြရမှာပါ။တချို့ကလဲ(သတင်းသမားတွေ)မိမိတို့လုံခြုံစိတ်ချရဖို့ Real IP ကိုဖျောက်ထားရပါတယ်။ဒီအခါမှာ Proxy Number တွေပရောက်ဇီ ဆော့ဝဲတွေ အစရှိသဖြင့်သုံးကြပါတယ်။ဒါတွေဟာမိမိတို့  အိုင်ပီကိုတကယ်ဖျောက်ပေးလားဆိုရင် မဖျောက်ပေးပါလို့ပြောပါရစေReal-Hide-Ip-software,Auto-Hideip အစရှိသဖြင့်နာမည် ကျော် ဆော့ဝဲတွေဟာလဲတကယ်တမ်းဖျောက်မပေးနိုင်ပါဖူး ဒါပေမယ့် ကျနော် ကို ၊အကိုတော်တစ်ယောက်က Tor Browser သုံးဖို့ လမ်းညွှန်လာပါတယ်။ကျနော် သုံးကြည့်တော့  မဆိုး ဖူး IP ကို တကယ်ဖျောက်ပေးပြောင်းပေးနိုင်တာတွေ့  ရတယ်။၁၀၀ ရာနှုန်း အလုပ် ဖြစ်မဖြစ်ကိုတော့  ဆရာ့ ဆရာ ကြီးများကသာ သိပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်နဲနဲတော့အလုပ်ဖြစ်မှာမို့  စမ်းသုံးကြည့် ရအောင် ....Tor Browser က မောက် ဇီလာ နဲ့ဆင်တူ ပါ တယ် ။ဘယ်ဆိုက်မှာ ပိတ်မထား ဖူး အကုန် ကြည့်လို့  ရတယ်။ပြီးတော့  အိုင် ပီကို ခဏခဏ ချိန်း ပေးတယ်။ကျနော် တို့  စမ်းကြည့်ရအောင်https://www.torproject.org/download/download.html.en-ကနေ မိမိတို့စက်နဲ့ကိုက်ညီမယ့်ဗားရှင်းကိုဒေါင်းလုပ်ဆွဲနိုင်ပါပြီ ....
ပုံမှာ ပြထား တဲ့ အတိုင်း မိမိတို့ အိုင်ပီကိုအမှန်မပြပဲ ။အခြားအိုင်ပီပြတာတွေ့ မှာ ပါ ။
မိမိအိုင်ပီသိချင်ပါက www.whatismyip.com မှာ ၀င်ကြည့်နိုင်ပါသည်။
0 comments:
Post a Comment
1. Di Larang Mencantumkan LINK !
2. Gunakanlah bahasa yang sopan dalam berkomentar !
3. Hindari SPAM, SARA dsb !