Friday, August 24, 2018

1 Adobe Photoshop CS6 (Portable Version)



Adobe Photoshop CS6 (Portable Version) လေးပါ။ Portable Version ဆိုတော့ Key မလိုပဲ Full Versions သုံးနိုင်သလို USB Stick ထဲထည့်ပြီး သွားလေရာယူသွားလို့လဲ အဆင်ပြေပါတယ်။ x32bit အတတွက်ကော x64bit အတွက်ကောပါတင်ပေးထားပါ။

Software > Adobe Photoshop CS6 (x32bit / x64bit)
File Size > 206MB
Type > Portable
Post By : Admin_Thaw_Htut_San(www.myatthukyaw.com)


Wednesday, August 22, 2018

0 Kali နဲ့ပတ်သက်ပြီးသိသင့်သိထိုက်တာများ

ဒီကျူ တိုရီရယ်များကိုတော့ ကွန်တော်တို့ဂရုမန်ဘာများအတွက် Kali နဲ့ပတ်သက်ပြီးသိသင့်သိထိုက်တာများသိရှိရန်
နှင့် Tools များအသုံးမပြုခင် လိုအပ်တဲ့ ပြင်ဆင်မှုများအတွက် ရေးသားသွားမှာဖြစ်ပါတယ်
အရင်ဆုံး Source List ကိုပြင်ပါမယ် Update && Upgrade လုပ်ပါမယ်
Software များ install လုပ်ဖို့ Software-Center သွင်းပါမယ် OFFICE အပိုင်းအသုံးပြုမယ်ဆို
LiberOffice ကိုပါ တစ်ခါတည်းထည့်သွင်းပါမယ်
လိုအပ်တယ်ထင်ပါက Crome & Fifrfox သွင်းပါမယ်
Online ကနေ လိုအပ်တာဒွေကို ဒေါင်းလုပ်လုပ်မယ်ဆို လိုအပ်တဲ့ Downloader တွေသွင်းပါမယ်
Image များပြင်ဆင်ဖို့အတွက် GMIP ကိုသွင်းပါမယ်
စာရေးရန်အတွက် Gedit ကိုသွင်းပါမယ်
အခြားလိုအပ်သည်များကိုလည်း တစ်ခုခြင်းသွင်းပါမယ်
နောက်ဆုံး ပြီးပြည့်စုံပြီထင်ပါက Update && Upgrade လုပ်ခြင်းဖြစ် အဆုံးသတ်ပါမယ်

Source List ကိုပြင်တဲ့နေရာမှာတော့
အရင်ဆုံး မူလရှိတဲ့ Source List ကို Backup လုပ်ပါမယ်

root@kali:~# mv /etc/apt/sources.list /etc/apt/sources.list.backup
root@kali:~# wget http://sourceforge.net/projects/kaais/files/Custom_Files/sources.list -O /etc/apt/sources.list

ပြီးရင် Update && Upgrade လုပ်ပါမယ်

root@kali:~# apt-get update
root@kali:~# apt-get upgrade

Software Center သွင်းမယ်ဆိုရင်တော့

root@kali:~# apt-get install software-center

Office သွင်းမယ်ဆိုရင်တော့
Applications >> System Tools >> Adminstration >> Software center ကနေသွားပြီး
Software-center ထဲက Search box ထည်းမှာ Office လို့ရိုက်ပြီး သွင်းနိုင်ပါတယ်

Browser များကို ဆက်ပြင်ဆင်ပါမယ်
ကျွန်တော်ကတော့ Iceweasel နဲ့ Google Crome သုံးပါတယ် Crome ရဲ့အားသာချက်ကFlash Player သွင်းစရာမလိုပဲ Youtube စတာတွေကို အသုံးပြုနိုင်တာပါပဲ :D
Iceweasel ကတော့ အသင့်ပါဝင်ပြီးသားဖြစ်တဲ့အတွက် Google Crome သွင်းနည်းနဲ့ Addonအနည်းငယ်ကို အရင်သွင်းပါမယ်



root@kali:~# dpkg -i /root/google-chrome-stable_current_i386.deb

တန်းပြီးအသုံးပြုလို့မရသေးပါဘူး
File System >> Opt >> google >> chrome >> google-chrome ကို leafpad ဖြင့်ဖွင့်ပါ
အောက်ဆုံးက exec -a "$0" "$HERE/chrome" "$@" ဘေးမှာ -user-data-dir လို့ရိုက်ထည့်ပေးလိုက်ပါ ဒါဆိုရင်တော့ Chrome အသုံးပြုလို့ရပါပြီ

Iceweasel သုံးမယ်ဆိုရင်တော့ Adobe Flash Player သွင်းရပါလိမ့်မယ်

root@kali:~# wget http://fpdownload.macromedia.com/get/flashplayer/pdc/11.2.202.310/
root@kali:~# tar xvfz install_flash_player_11_linux.i386.tar.gz

libflashplayer.so ကို
File System >> usr >> lib >> mozilla >> plugins ထဲသွားထည့်ပေးလိုက်ပါ ဒါဆိုရပါပြီ

Downloader များမှာတော့ ကြိုက်နှစ်သက်ရာ တစ်ခု သို့မဟုက် အကုန်သွင်းရင်လည်းရပါတယ်

root@kali:~# apt-get install uget

root@kali:~# apt-get install qbittorrent

နောက်တစ်ခုက xdman_all_linux ပါပဲ IDM ထက် ပိုကောင်းပိုမြန်တယ်လို့ဆိုပါတယ်

xdman_all_linux.tar.gz ကို Desktop ပေါ်တင်ပေးထားပါ

root@kali:~# cd Desktop
root@kali:~# tar xvf xdman_all_linux.tar.gz
root@kali:~# chmod +x install.sh
root@kali:~# ./install.sh

စာရေးဖို့အတွက်ကတော့ Gedit က မသုံးလည်းရပါတယ် သွင်းချင်ရင်တော့

root@kali:~# apt-get install gedit

ဓါတ်ပုံများပြင်ချင်တယ်ဆိုရင်တော့ Linux ရဲ့ Photoshop ဖြစ်တဲ့ GIMP သွင်းပါမယ်

root@kali:~# apt-get install gimp

အခုနောက်ဆုံး မြန်မာစာ Zawgyi သွင်းပါမယ်

root@kali:~# tar xvf zawgyi_keyboard-0.3.3.tar.gz
root@kali:~# cd zawgyi && python zawgyi_keyboard.py

ပြီးရင်တော့ ဟုရိုက်ပြီး Install လုပ်ပါပြီးရင် နဲ့ ထွက်ပါ

Desktop ရဲ့ ညာဘက်အပေါ်နားက root >> System Settings >> Keyboard >> Layout Settings

Box ထဲက ဘယ်ဘက် အောက်ဆုံးနားက ကို နှိပ်ပြီး Burmese ကိုရွေးပေးပါ
ပြီးရင် Burmese ကို ကလစ်ထောက်ပြီး Options ကို ကလစ်ပြီး
Keys change to layout ကို ကလစ်ပြီး Ctrl + Shift ကိုရွေးပြီး ထွက်လိုက်ပါက မြန်မာဖောင့်အသုံးပြုလို့ရပါပြီ သို့ပေမယ့် error ရှိနေနိုင်ပါတယ်

မြန်မာစာရေးသားတဲ့နေရာမှာ အဆင်မပြေမှုများတွေ့ရပါတယ် ဥပမာ ဦး ဆိုရင် ( Oီးကဲ့သို့ အမှားမျိုး
ပက်ဆင့်အရေးအသားများရေးသားမရချင်းစသည့်အရာများကိုဖြေရှင်းချင်ပါက

root@kali:~# chmod +x zawgyi_xkb.sh
root@kali:~# ./ zawgyi_xkb.sh

Desktop ရဲ့ ညာဘက်အပေါ်နားက root >> System Settings >> Keyboard >> Layout Settings

Box ထဲက ဘယ်ဘက် အောက်ဆုံးနားက ကို နှိပ်ပြီး Burmese Zawgyiကိုရွေးပေးပါ
ပြီးရင် Burmese Zawgyi ကို ကလစ်ထောက်ပြီး Options ကို ကလစ်ပြီး
Keys change to layout ကို ကလစ်ပြီး Ctrl + Shift ကိုရွေးပြီး ထွက်လိုက်ပါက မြန်မာဖောင့်အသုံးပြုလို့ရပါပြီ

နောက်တစ်ခုကတော့ Teamviewer သွင်းပါမယ် လိုအပ်ရင်တော့ သွင်းထားပေါ့ မလိုဝူးဆိုရင်တော့ မသွင်းလည်းရပါတယ်

root@kali:~# dpkg -i /root/teamviewer_linux.deb

Gnome Tweak Tool သွင်းချင်ရင်တော့

root@kali:~# apt-get -y install gnome-tweak-tool

Network ချိတ်ရာမှာ Error တက်နေသူုများကတော့

root@kali:~# apt-get install wicd-gtk ကိုသွင်းပြီး ဖြေရှင်းလို့ရပါတယ်

Conky သွင်းပါမယ်

dpkg -i /root/conky-manager_1.2.0.1_i386.deb

Applications >> Accessories >> Conky Manager ကိုဖွင့်ပြီး စမ်းကလိနိုင်ပါပြီ :D

Skype အသုံးပြုလိုသူများကတော့

root@kali:~# wget -P /root/ http://download.skype.com/linux/skype-debian_4.2.0.11-1_i386.deb
root@kali:~# dpkg -i /root/skype-debian_4.2.0.11-1_i386.deb

သွင်းစရာများ သွင်းပြီးသွားရင်တော့

root@kali:~# apt-get update
root@kali:~# apt-get upgrade
root@kali:~# apt-get dist-upgrade

ဒါဆိုရင်တော့ ပြင်ဆင်မှုအပိုင်းအကုန်ပီးဆုံးပြီလို့ပြောလို့ရပါပြီ


ဒါဆိုရင်တော့ သင်၏ Kali Linux OS သည် Window တစ်ခုကဲ့သို့ စတင်အလုပ်လုပ်နိုင်ပါပြီ
ဒီတော့ Tools များ Application များ အသုံးပြုတဲ့အပိုင်းကိုဆက်သွားပါမယ်

Tools တွေကတော့ များလွန်းတဲ့အတွက် တစ်ခုချင်းစီ အသုံးပြုပြသွားပါ့မယ်
အခုလက်တလောမှာတော့ အသစ်သွင်းထားတဲ့ software များကို အရင်စမ်းသုံးကြည့်ပါ
ကိုယ်တိုင်စမ်းသပ်ပြီး သုံးကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်

Sunday, August 19, 2018

0 Adobe Photoshop CS4 (Portable)


Adobe Photoshop CS4 (Portable) Version လေးပါ လိုအပ်သူများဒေါင်းယူနိုင်ပါတယ်။။

Software > Adobe Photoshop CS4 (x32bit / x64bit)
File Size > 53MB 
Type > Portable



0 Adobe Photoshop CS3 (Portable Version)


CS3 Portable လေးတင်ပေးလိုက်ပါတယ်။ Portable Version ဖြစ်တာကြောင့် လိုင်စင်ကီးမလိုတဲ့အပြင် စက်လဲ မလေးတော့ပါဘူး။ ထွေထွေထူးထူးမပြောတော့ဘူးနော် ... x32bti / x64bit  နှစ်ခုလုံးမှာ အသုံးပြုနိုင်ပါတယ်............

Software > Adobe Photoshop CS3
File Size  > 48MB
Type      > Portable


0 Windows 10 မှာ VPN ထည့်နည်း



Windows 10 မှာ VPN connection ကို ထည့်သွင်း အသုံးပြုချင်သူတွေအတွက် Windows 10 settings မှာ ထည့်သွင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ VPN connection ကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြ ထားတဲ့အတိုင်း setup ပြုလုပ်နိုင်ပါတယ်။
ပထမဆုံး Start menu button ကို နှိပ်ပြီး Settings ဆိုတာကိုရွေးချယ်ပါ။

Settings ထဲကိုရောက်ပြီဆိုရင် Network & Internet ဆိုတာကိုရွေးချယ်ရပါမယ်။

Network & Internet ထဲကမှ ဘယ်ဘက်အခြမ်းမှာရှိတဲ့ VPN ကို နှိပ်ပါ။ ပြီးရင် ညာဘက်အခြမ်းက Add a VPN connection ဆိုတာကို နှိပ်ရပါမယ်။

ဒီနေရာမှာ VPN service တစ်ခုခု မရှိတဲ့သူတွေဆိုရင်တော့https://hide.me/en ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ vpn service ကို အခမဲ့ ရယူနိုင်ပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာမှာ Sign up ပြုလုပ်ပြီး အခမဲ့ vpn service ကို ရယူနိုင်ပါတယ်။
VPN Provider ဆိုတဲ့နေရာကို ရောက်ရင် ကလစ်နှိပ်လိုက်တာနဲ့ Windows (built-in) ဆိုတာကို ရွေးပေးထား ပါလိမ့်မယ်။

Connection Name ဆိုတဲ့နေရာမှာ ကိုယ်အသုံးပြုမယ့် VPN အတွက် နာမည်ကိုထည့်ပေးပြီး Server name or address ဆိုတဲ့နေရာမှာ ကိုယ်သုံးစွဲတဲ့ VPN ရဲ့ လိပ်စာကို ထည့်သွင်းပေးရပါမယ်။
VPN Type မှာလည်း ကိုယ်သုံးစွဲတဲ့ VPN အမျိုးအစားကိုရွေးချယ်ရပါမယ်။ hide me ကနေ အခမဲ့ vpn service ကို အသုံးပြုတယ်ဆိုရင် PPTP အမျိုးအစားကိုရွေးချယ်ပေးလိုက်ပါ။ User Name ဆိုတဲ့နေရာမှာ VPN client မှာ ကိုယ်အသုံးပြုတဲ့ user name ကို အသုံးပြုပြီး Password ကလည်း ၎င်း user name နဲ့တွဲဖက်သုံးတဲ့ password ကို ထည့်သွင်းပေးရပါမယ်။ ပြီးရင် Save ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ပါ။

ဒါဆိုရင် Windows 10 Settings ထဲက VPN connection နေရာမှာ စောစောကထည့်ထားတဲ့ VPN Name ကိုတွေ့ရပါလိမ့်မယ်။ Connect ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် VPN ကို စတင်ချိတ်ဆက်သွားပါလိမ့်မယ်။

Wednesday, August 15, 2018

0 Clickjacking ဆိုတာဘာလဲ?

Clickjacking ဆိုတာ Attacker က Victim ကို သူ click လုပ်ခိုင်းချင်တဲ့ hidden လုပ်ထားတဲ့ link သို့ မဟုတ် buttons ကို click လုပ်အောင် cheat လုပ်တာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ hidden link / buttons တွေကို background အရောင်နဲ့ ထပ်တူဖြစ်အောင်ဖန်တီးထားတတ်ကြပါတယ်။
Clickjacking လုပ်နိုင်ဖို့ အတွက်လည်း web browser တွေရဲ့  security ပိုင်းအားနည်းချက်ကရှိနေပါတယ်။ အဲ့ဒါကတော့ web page တွေကို မူလ general view ကနေတဆင့် hidden layer တွေ ကို allow လုပ်ထားလို့ ပါပဲ။
Clickjacking ဆိုတာကို ဥပမာအနေနဲ့  အောက်က hidden layer ကို victim က မမြင်ရပါဘူး အပေါ်က အုပ်ထားတဲ့ layer မှာက download button လိုမျိုး ဒါမှမဟုတ် play button လိုမျိုး တစ်ခုခုကိုပဲ မြင်ရပါမယ်။ တကယ်လို့  victim က အဲ့ဒီ download/play button ကို နှိပ်လိုက်တဲ့အခါမှာ သူတကယ်နှိပ်မိတာက အဲ့ဒီ button တွေအောက်မှာ hidden လုပ်ထားတဲ့ layer မှာရှိတဲ့ Attacker နှိပ်စေချင်တဲ့ button ကို အလိုလို နှိပ်ပြီးသား automatic ဖြစ်သွားပြီဖြစ်ပါတယ်။
အဲ့ဒီလိုနည်းနဲ့  attacker တစ်ယောက်ဟာ victim ကို သူ နှိပ်စေချင်တဲ့ link/button ကို နှိပ်ခိုင်းသွားခြင်းကို Clickjacking လုပ်တယ်လို့ ခေါ်ပါတယ်။

0 Use Google Chrome For Hacking


Pentesters သို့ မဟုတ် Hacker အများစုဟာ သူတို့ အတွက် အသုံးဝင်တဲ့ plugin တော်တော်များများ အသုံးပြု လို့ ရတဲ့ Mozilla Firefox Browser ကို အသုံးပြုကြတာများပါတယ်။

ဒါက အရင်တုန်းကပါ အခုဆိုရင်တော့ Chrome Browser မှာ Pentesters တွေ အသုံးဝင်တဲ့  extension တွေ တော်တော်များများရှိနေပါပြီ။
အဲ့ဒီ အထဲကမှ အသုံးဝင်မယ် ထင်တာလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

XSS Rays


XSS Rays မှာ Scanner, Reverser နဲ့  DOM inspection tool တွေပါဝင်ပါတယ်။

XSS Rays ရဲ့  Official Description ထဲမှာ ရေးထားတာတွေကတော့

Official DescriptionXSS Rays is a security tool to help pen test large web sites. It's core features include a XSS scanner, XSS Reverser and object inspection. Need to know how a certain page filters output? Don't have the source? No problem. XSS Rays will blackbox reverse a XSS filter without needing the source code.  


Websecurify Scanner


Web application attacks တွေတော်တော်များများကို detect လုပ်ပေးနိုင်တဲ့ scanner ဖြစ်ပါတယ်။ ပြီးတော့ fully automated ဖြစ်ပြီး user friendly ဖြစ်ပါတယ်။


အသုံးပြုပုံအဆင့်ဆင့်
- websecurify scanner ကို အောက်က link ကနေ download လုပ်လိုက်ပါ။
https://suite.websecurify.com/foundation 


- Scan ဖတ်ချင်တဲ့ URL ကို ရိုက်ထည့်လိုက်တာနဲ automatic scanning လုပ်သွားမှာဖြစ်ပါတယ်။



HTTP Finder


HTTP Finder ကတော့ Http Parameter Pollution attacks ကို အလွယ်တကူ detect လုပ်နိုင်ပါတယ်။ HTTP Parameter Pollution ဆိုတာ နောက်ဆုံးပေါ် web application attacks တစ်မျိုးပဲဖြစ်ပါတယ်။ 

HTTP Finder ရဲ့  Official Description ထဲမှာ ရေးထားတာတွေကတော့

HTTP Parameter Pollution (HPP) is a recently discovered web exploitation technique. Please read the NDSS 2010 paper for more details about the technique. HPP Finder is a Chrome extension designed for detecting HPP attempts. HPP Finder can detect URLs and HTML forms that might be susceptible of parameter pollution, but it is not a complete solution against HPP. 



XSS CHEF


XSS CHEF  ဆိုတာ google chrome အတွက် BEEF (Browser Exploitation Framework) ကို အကောင်းဆုံး replacement လုပ်ပေးနိုင်ပြီးတော့ exploitation process တွေကိုလည်း လွယ်ကူစေပါတယ်။


Cookie Editor


Cookie Editor ကလည်း Google Chrome မှာ Hacker တွေအတွက် အလွန် အသုံးဝင်တဲ့ extension တစ်ခုပါပဲ။ အများအားဖြင့် session hijacking attacks အတွက် အသုံးပြုကြပါတယ်။
Session Hijacking နဲ့ ပတ်သတ်လို့ ကျနော် introduction သဘောမျိုးရေးထားတဲ့ ပိုစ့်ရှိပါတယ် မဖတ်ရသေးရင် ဒီမှာ သွားဖတ်နိုင်ပါတယ်။



0 Facebook Account တစ်ခု ကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?


ဒီတစ်ခါ Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား ဆိုတာကို လေ့လာကြည့်ကြရအောင်။

အရင်ဆုံး Hacking A Facebook Account နဲ့  Cracking A Facebook Account ဆိုတာ မတူညီတဲ့ term နှစ်ခု ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

Hacking A Facebook Account ဆိုတာက foolproof methods တွေဖြစ်တဲ့ Phishing တို့  Keylogger တို့ စသည့် နည်းလမ်းပေါင်းစုံ ဖြင့် account တစ်ခုကို ရယူခြင်းဖြစ်ပါတယ်.... ( မှတ်ချက် ။ ။ အခြား methods တွေအများကြီး ရှိပါသေးတယ် )

Cracking A Facebook Account ဆိုတာကတော့ Bruteforce Attack တို့  Dictionary Attack တို့ ဖြင့် password ကို crack လုပ်ပြီ account တစ်ခုကို ရယူခြင်းဖြစ်တယ်လို့  အကြမ်းဖျင်းအားဖြင့် ဆိုနိုင်ပါတယ်။

Bruteforce Attack

Bruteforce Attack ဆိုတာကတော့ အခြေခံအကျဆုံး cracking method တစ်ခုဖြစ်ပါတယ်။ Bruteforce Attack ဟာ ဖြစ်နိုင်ခြေရှိတဲ့ password combination တွေကို correct password ရသည်အထိ  တိုက်ဆိုင် စစ်ဆေးပေးတဲ့ method ဖြစ်ပါတယ်။  ဒါပေမယ့် password က ရှုပ်ထွေးလေလေ correct password ရဖို့  အချိန်ပို ကြာလေလေ ပါပဲ။

အဲ့ဒါနဲ့ ပတ်သတ်လို့  အောက်က table လေးကို ကြည့်ကြည့်ပါ။


Dictionary Attack

Bruteforce Attack နဲ့  Dictionary Attack တို့ မှာ ကွာခြားချက်က တစ်ခုတည်းရှိပါတယ်။ အဲ့ဒါကတော့ Dictionary Attack မှာ မိမိစိတ်ကြိုက် try ချင်တဲ့ password ကို try လုပ်နိုင်တဲ့ အချက်ပါပဲ။ နားရှုပ်သွားလားမသိဘူး :D
Dictionary Attack မှာ wordlist ကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်ရွေးခြယ်ပိုင်ခွင့်ရှိပါတယ်။

အောက်မှာဖော်ပြထားတဲ့ Video Tutorial ကို ကြည့်ခြင်းဖြင့် Dictionary Attack ကို ပိုမို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။

 

ကဲ .. ဒါဆို Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?

Facebook နဲ့ တခြား social site တွေအားလုံး နီးပါးက unsuccessful login attempts လို့ ခေါ်တဲ့ မအောင်မြင်တဲ့ login attempts တွေ အကြိမ်အနည်းငယ်လောက် try ပြီးသွားတဲ့ အခါမှာ အဲ့ဒီ account ကို lock ချလေ့ရှိပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ "Account Lockout Feature" သို့ မဟုတ် "Account Lockout feature" ကဲ့သို့ သဘောတရားတူသည့် feature တစ်ခုခုဖြင့် automated password cracking method ကို ကာကွယ်လေ့ရှိပါတယ်။ 

ဒါ့ကြောင့် ကျွန်တော့် အနေနဲ့  Facebook Account တစ်ခုကို Crack လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။

Sunday, August 12, 2018

0 How to customize Desktop in Kali Linux (install KDE Desktop Environment)

Kali linux ရဲ့ မူလပါရှိသော Desktop မှာ Gnome ဖြစ်ပါတယ်
Linux ရဲ့ Disto တော်တော်များများဟာ Desktop Environment ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်
အလှဆင်မှုများစွာလည်းပြုလုပ်နိုင်ပါတယ် ဒါတွေဟာ Window ထက် Linux ရဲ့ အားသာချက်တွေထဲက
တစ်ခုပေါ့ဗျာ

Gnome Desktop Environment

KDE Desktop Environment






KDE Desktop Environment ကတော့ auto ပါလာတာမဟုက်ပေမဲ့ free download လုပ်ရုံနဲ့ 
သင့် Desktop ကိုပိုမိုဆန်းပြားသွားစေမှာပါ ဒါကတော့ ကျွန်တော့် Desktop ပါ

Terminal ကိုဖွင့်

root@kali:~# apt-get install kde-full 

ဆိုရပါပြီ 

ကျေးဇူးတင်ပါသည် 

0 How to install Kali LInux by Myanmar

Kali Linux အကြောင်းရေးထားသော English စာအုပ်ကို တက်နိုင်သလောက်
အဓိကအကြောင်းအရာများကို မြန်မာဘာသာသို့ပြန်ဆိုရေးသားသည်
ဘာသာပြန်အလွဲများရှိနိုင်သည် ထို့ကြောင့် English မူရင်းစာအုပ်ပါတွဲတင်ပေးလိုက်သည်

English စာအုပ် 
Myanmar စာအုပ်
PDF ဖိုင်စာအုပ်
ကျေးဇူးတင်ပါသည်