Windows 10 Auto Update ပိတ်နည်း.... အရမ်းလွယ်ပါတယ်..... Video ကြာချိန် (၁မိနစ်နှင့်၁၁စက္ကန့်)
Wednesday, September 26, 2018
Wednesday, September 19, 2018
1 FACEBOOK MESSENGER က MESSAGE တွေကို ပို့သူမသိအောင် ဘယ်လိုဖတ်မလဲ
Facebook Messenger မှာ ကိုယ့်ကို ပို့လိုက်တဲ့ message တွေကို ပေးပို့သူ မသိအောင် ဖတ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
Facebook messenger မှာ message တွေကို ပို့တဲ့အခါ အပြာရောင်ဝိုင်းလေးထဲမှာ အမှတ်နဲ့ ပေးပို့ ပြီးပြီဆိုတဲ့ သင်္ကေတကို ပြသပေးပါတယ်။ ကိုယ်ပို့လိုက်တဲ့လူက စာကိုဖတ်လိုက်တဲ့အချိန်မှာ seen ဆိုပြီး ဖော်ပြပေးပါ လိမ့်မယ်။
Android device နဲ့ iOS device တွေပေါ်ကနေ ဆိုရင် ကိုယ့်ဆီကို စာပို့တဲ့လူရဲ့ message တွေကို တစ်ဘက်မှာ seen မဖြစ်သွားစေဘဲ message တွေကို ဖတ်ဖို့ဆိုရင် Airplane mode ကိုပြောင်းလိုက်ပါ။ Airplane mode ကို ပြောင်းလိုက်တဲ့အခါမှာ အင်တာနက်လိုင်းဟာ ပြတ်တောက် သွားတာကြောင့် message ကိုဖွင့်ကြည့်ပြီး ပြန်ပိတ်ထားလိုက်ရင် တစ်ဘက်မှာ seen ဆိုတာကို တွေ့မြင်ရမှာ မဟုတ်ပါဘူး။
ကွန်ပျူတာ ပေါ်ကနေဆိုရင် Chrome browser မှာ Unseen ဆိုတဲ့ Chrome extension ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Unseen ဆိုတဲ့ Extension ကို http://bit.ly/2mcyIJW ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာမှာ သွားယူနိုင်ပါတယ်။
Firefox ပေါ်ကနေဆိုရင် https://mzl.la/2lxTzDQ ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ Message Seen Disable for Facebook Add-ons ကိုထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။
ဒါဆိုရင် ကွန်ပျူတာပေါ်ကနေ Facebook messenger ကိုအသုံးပြုတဲ့ အခါမှာ တစ်ဘက်လူရဲ့ message တွေကို ဖတ်နေပေမယ့်လည်း ပေးပို့သူဘက်မှာ seen ဆိုတာကို မြင်ရမှာ မဟုတ်တော့ပါဘူး။
0 သင့်ဖုန်းရဲ့ Lock Screen ကို လုံခြုံအောင် ပြုလုပ်နည်း
သင့်ဖုန်းမှာ အခြားလူများ မမြင်စေချင်တဲ့ သတင်းအချက်အလက်များရှိရင် အကောင်းဆုံးက Lock Screen နဲ့ ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ Apps များကိုတောင် Lock လုပ်ထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ဖုန်းများမှာ ထည့်သွင်းပေးထားကြပါတယ်။ သင့်ဖုန်းမှာ အဲဒီ စွမ်းဆောင်ချက် မပါရင်တောင် Vault လို Apps များကို သုံးနိုင်ပါတယ်။
ဒါပေမယ့် Phone Lock Screen ကို ဟက်ရတာ လွယ်ကူပါတယ်။ အလွန်ကြိုးစားနေစရာတောင် မလိုပါဘူး။ သင့်လက်ချောင်း လှုပ်ရှားမှုကို ခိုးလေ့လာနေရုံဖြင့် သိနိုင်ပါတယ်။ သင် Unlock လုပ်နေချိန်မှာ ကင်မရာဖြင့် ခိုးရိုက်ထားနိုင်ပါတယ်။ Lock Screen Pattern များဟာလည်း အချိန်အနည်းငယ်အတွင်းမှာ ကျော်ဖြတ်နိုင်ကြပါတယ်။ လူအများစုက Passcode များကို သူတို့ရဲ့ မွေးနေ့များ၊ သူတို့ ကလေးရဲ့ မွေးနေ့များကို ပေးထားတတ်ကြတဲ့အတွက် မှန်းဆရ လွယ်ကူပါတယ်။
Lancaster တက္ကသိုလ်၊ Bath တက္ကသိုလ်နဲ့ China’s Northwest တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များက Lock Screen ကို လွယ်ကူစွာ ဟက်နိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သူတို့ဟာ ၅ ကြိမ်ထဲနဲ့ Lock Screen Patterns ပေါင်း ၁၂၀ ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ၉၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ သူတို့က စမတ်ဖုန်း ကင်မရာနဲ့ ကွန်ပြူတာ ဆော့ဝဲကို အသုံးပြု၍ Patterns များကို တွက်ချက်တာ ဖြစ်ပါတယ်။ သူတို့ဟာ အရှုပ်ထွေးဆုံး Patterns များကိုတောင် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ကံကောင်းတာက Phone Lock Screen or Passcode ကို ဟက်လို့ မရအောင် ကာကွယ်လို့ ရတဲ့ နည်းလမ်း ရှိပါတယ်။ အဲဒါကတော့ Phone ကို Unlock လုပ်ချိန်မှာ ကင်မရာ အပါအ၀င် ဖုန်းစကရင်တစ်ခုလုံးကို အခြားလူတွေ မမြင်အောင် လက်ဖြင့် အုပ်ထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ ဖုန်းကိုလည်း သင့်ထံမှာ ရှိနေအောင် အမြဲ ဂရုစိုက်သင့်ပါတယ်။
သင့်ဖုန်း အခိုးခံရရင်လည်း အဝေးကနေ လုံခြုံအောင် ပြုလုပ်နိုင်ပါတယ်။ Android Device Manager သို့မဟုတ် Find My iPhone တို့ကို အသုံးပြု၍ Lock ပြုလုပ်နိုင်ပါတယ်။ ဒေတာများကိုတောင် ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှာ Android Device Manager ကို အရင်ဆုံး Set Up လုပ်ထားဖို့ လိုပါတယ်။
အချို့ဖုန်းများမှာ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက် ကျော်ပြီး Passcode မှားထည့်မိရင် ဒေတာများကို အလိုအလျှောက် ဖျက်ဆီးပစ်တဲ့ စွမ်းရည်ပါပါတယ်။ ဒါပေမယ့် အဲဒီ စွမ်းဆောင်ချက်ကို Activate မလုပ်ခင်မှာ သေချာစဉ်းစားပါ။ သင့် သူငယ်ချင်းတစ်ယောက်က သင့်ဖုန်းကို Unlock လုပ်ဖို့ ကြိုးစားရင်းနဲ့ သင့်ဒေတာများ ပျက်ဆီးသွားနိုင်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများမှ ဒေတာများကို အမြဲ Backup လုပ်ထားသင့်ပါတယ်။
သတိပေးချင်တာတစ်ခုက ဖုန်းရဲ့ လက်ဗွေရာ လုံခြုံရေး စနစ်နဲ့ မျက်စိ လုံခြုံရေး စနစ်များကိုလည်း ဟက်နိုင်တယ်ဆိုတာပါပဲ။ လက်ဗွေရာနဲ့ မျက်စိ စစ်ဆေးမှု မမှန်ကန်ရင် Passcode တောင်းခံမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားသလိုပဲ Passcode များဟာ ကျော်ဖြတ်ရ လွယ်ကူကြပါတယ်။ အဲဒီအတွက် သင့်ဖုန်းရဲ့ အဓိက လုံခြုံရေးဟာ Passcode ဖြစ်တဲ့အတွက် မှန်းဆရခက်တဲ့ Passcode များကို သတ်မှတ်ထားသင့်ပါတယ်။
0 SmadAV Pro 2018 + Lifetime Serial Key
Smadav Pro 2017 Rev 12.0.1 နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်။ Smadav Pro ဆော့ဖ်ဝဲ လေးကတော့ virus တွေကို ကာကွယ်ရုံနိုင်သာမက Registry Error တွေကိုလည်း ပြုပြင်ပေးနိုင်ပါတယ်။
အထူးသဖြင့် Chrome, Sality, Win 32, Shortcut Virus တွေကို ကောင်းကောင်း သက်ပေးနိုင်ပါတယ်။ ဒါ့အပြင် USB နှင့် Browser,ကို စောင့်ရှောက်ကာကွယ်ရေး virus တွေကို ရှင်းလင်းပေးဖို့ VBS-Houdini, Bundpil, dll. စတာတွေပါဝင်ပါတယ်။
ဖိုင်ဆိုဒ်ကတော့ 1.55 MB ရှိပြီး Windows XP/ Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်မှာပါ။ အသုံးပြုလိုတဲ့သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။
Name: Myat Thu Kyaw
Key: 083800574879
0 WinRAR 5.50 Final Full Version
WinRAR v5.50 Final နောက်ဆုံးထွက် Update လေးပါ…။ မိမိ တို့ရဲ့ ကွန်ပျူတာ ထဲက ဖိုင်တွေကိုဖြည်ချင်ပေါင်းချင်တဲ့ မိတ်ဆွေ များ အတွက်အားလုံးသိပြီးသားလည်းဖြစ်တဲ့ WinRAR v5.31 Final လေးကိုတင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 3.95 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Versionသုံးရအောင် Crack ဖိုင်ထည့်ပေးထားပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။
[mediafire] – [solidfiles] – [Zippyshare]
Subscribe to:
Posts (Atom)
Menu
Recent Comment
Top Read
-
အခု Blog တစ်ခုကို ကိုယ်တိုင်လုပ်ကိုင်ဖန်တီးကြရအောင်။ ပထမဆုံးအနေနဲ့ Blog တစ်ခုလုပ်ဖို့အတွက် Google Mail ( G-Mail ) တစ်ခုရှိဖို့လိုပါတယ်။ ဒီ ...
-
ပထမဆုံး ကျနော်တို့ sub 7 မှာ rat တစ်ကောင် လုပ်ရပါမယ်။ အဲဒီအတွက်လိုအပ်မယ့် function တွေထည့်ရပါမယ်။ port နေရာမှာ 1-9999 အတွင်းကြိုက်တာထည့်...
-
Android Programming ရေးသားနည်းကိုအခြေခံလေးတွေရေးခဲ့ပြီးပါပြီ။ အဲဒီတုန်းကတော့ Eclipse ကိုအဓိကသုံးပြီးရှင်းပြခဲ့ပါတယ်။ အခုတော့ Eclipse အပြင်...







