Facebook အကောင့်တစ်ခုရှိရင် Facebook Email တစ်ခု ရရှိနေပြီဆိုတာ
လူတော်တော်များများ မသိကြပါဘူး။ Facebook Email ဟာ Profile Name အပေါ်
အခြေခံ ပြုလုပ်ပေးထားတာကြောင့် သင့်ရဲ့ Facebook Email ကို အလွယ်တကူ
မှန်းဆနိုင်ပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ Timeline လိပ်စာဟာ
www.facebook.com/thuya ဖြစ်တယ်ဆိုရင် သင့်ရဲ့ Facebook Email ဟာ
thuya@facebook.com ဖြစ်ပါတယ်။
အရင်တုန်းကတော့ Facebook Email အတွက် Inbox တစ်ခု ဖန်တီးပေးထားပေမယ့်
အခုတော့ ဖယ်ရှားလိုက်ပါပြီ။ သင့်ရဲ့ Facebook Email ဆီကို ပေးပို့တဲ့
အီးမေးတိုင်းကို Primary Email ဆီကို Default အားဖြင့်
လွှဲပြောင်းပေးလိုက်ပါတယ်။
လူတစ်ယောက်ရဲ့ Facebook Email ဟာ အလွယ်တကူ သိနိုင်တဲ့အတွက် သင့်ရဲ့
Facebook Email ဆီကို ပေးပို့လိုက်တဲ့ အီးမေးတွေဟာ သင့်ရဲ့ Primary Email
ဆီကို ရောက်ရှိလာမှာပါ။ အဲဒီအတွက် မလိုလားအပ်တဲ့ အီးမေးတွေ သင့်ရဲ့ Primary
Email ဆီကို မရောက်ရှိအောင် Facebook Email ကို Disable လုပ်ထားသင့်ပါတယ်။
ဒီလိုလုပ်ဖို့ Facebook ထဲ Log In ၀င်ပြီး ညာဘက်အပေါ်ထောင့်မှ Drop-Down
Arrow ကိုနှိပ်ပါ။ Settings ကိုနှိပ်ပါ။

General Account Settings ထဲမှ Email မှာ Edit ကိုနှိပ်ပါ။

“ Use your Facebook email” မှာ အမှန်ခြစ်ဖြုတ်ပါ။ Save Changes ကိုနှိပ်ပါ။

သင့်ရဲ့ လုံခြုံရေးအတွက် Password တောင်းရင်ထည့်ပေးပြီး Submit နှိပ်ပါ။

အဲဒီ Settings ကို မိုဘိုင်းဖုန်းများကနေလည်း ပြောင်းလဲနိုင်ပါတယ်။ Android Device မှာ ပြုလုပ်နည်းကို ပြသပေးမှာ ဖြစ်ပေမယ့် iOS Device မှာလည်း ပြုလုပ်နည်းက အတူတူပဲ ဖြစ်ပါတယ်။

Facebook App မှ Menu ခလုတ်ကိုနှိပ်ပါ။

Account Settings ထဲသွားပါ။

General Screen ကိုသွားပြီး Email ကဏ္ဍထဲဝင်ပါ။ “ Use your Facebook email” မှာ အမှန်ခြစ်ဖြုတ်ပါ။
အခုဆိုရင် သင့်ရဲ့ Facebook Email ကို Disable လုပ်ပြီးပါပြီ။ အဲဒီအတွက်
သင့်ရဲ့ Primary Email ထဲမှာ Spam တွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။
Account Settings ထဲသွားပါ။
General Screen ကိုသွားပြီး Email ကဏ္ဍထဲဝင်ပါ။ “ Use your Facebook email” မှာ အမှန်ခြစ်ဖြုတ်ပါ။

0 comments:
Post a Comment
1. Di Larang Mencantumkan LINK !
2. Gunakanlah bahasa yang sopan dalam berkomentar !
3. Hindari SPAM, SARA dsb !