Tuesday, February 20, 2018

0 COMPUTER SCREENSHOT ရိုက်နည်း

ဖုန်းမှာချည်း screenshot ရိုက်လို့ရတာမဟုတ်ပါဘူး။ Computer မှာလည်း Screenshot ရိုက်လို့ရပါတယ်။ 

မသိသေးတဲ့သူတွေအတွက်
အောက်မှာပုံနဲ့သေချာ ရှင်းပြထားပါတယ်။
တစ်ပုံချင်းစီထောက်ကြည့်သွားပါ။

#window key နဲ့ PrtScr key သုံးပီးတော့လည်း ရိုက်လို့ရပါတယ်။

ဒီမှာတော့ step by step ..process နဲ့လုပ်ပြသွားမှာဖြစ်ပါတယ်....

ကိုယ် Screenshot ရိုက်ချင်တဲ့ Sorftware တစ်ခု (သို့) Data တွေကိုဖွင့်လိုက်ပါ။

Op ဒီမှာ ဥပမာအနေနဲ Computer Screen ကို Screenshot ရိုက်ပြပေးမှာဖြစ်ပါတယ် ။

အရင် Keyboard က Ctrl Key ကိုအရင်နှိပ်ထားပါ။ ပြီးရင် PrtScr(Print Screen) Key ကိုနှိပ်ပါ။

ပြီးရင် Paint(သို့) Microsoft Office Word ကြိုက်တာတစ်ခုဖွင့်လိုက်ပါ။

ဒီမှာ op ကတော့ Paint ကိုဖွင့်လိုက်ပါတယ်။

ဖွင့်လိုက်ပါပြီး။

ပြီးရင် Ctrl Key နဲ့ V Key ကို တစ်ပြိုင်တည်းနှိပ်ပြီးလွှတ်လိုက်ပါ။

ခုနက po screenshpt ရိုက်ထားတဲ့ဟာ ဒီမှာပေါ်လာပါပြီး။

ပြီးရင် Save လုပ်ဖို့ ထိပ်က "File" Button ကို Click လိုက်ပါ။
Save as ကို Click ပါ။ အဲ့မှာ ကိုယ်ပေးချင်တဲ့ IMage အမျိုးအစားရွေးပါ။
Op ကတော့ JPEG ကိုရွေးလိုက်ပါတယ်။

ပြီးရင် File Name ကိုရိုက်ထည့်။
Save လုပ်။
ရပြီး ။

အားလုံးအဆင်ပြေပါစေ။

Myat Thu Kyaw (Zero Day)

0 comments:

Post a Comment

1. Di Larang Mencantumkan LINK !

2. Gunakanlah bahasa yang sopan dalam berkomentar !

3. Hindari SPAM, SARA dsb !