Sunday, January 5, 2020

0 Burmese Font and Keyboard Installation for Ubuntu 14.04 LTS

Ubuntu Myanmar LoCo Team ရဲ့ Facebook page မှာအမြဲတမ်းမေးလေ့ရှိတဲ့ မေးခွန်းပါ။ Ubuntu မှာ မြန်မာ font ဘယ်လိုသွင်းရမလဲ မြန်မာလို ရိုက်မရလို့ပြောပြပါဦးဆိုတဲ့ မေးခွန်းတွေအတွက် ဖြေရလွယ်အောင် ဒီ post လေးထပ်ရေးလိုက်ပါတယ်။ Ubuntu 14.04 LTS version ကိုအခြေခံပြီး ပြောပြသွားပါမယ်။
အလျှင်ဦးဆုံး install လုပ်ပုံတွေမပြောခင် font နဲ့ keyboard တနည်းအားဖြင့် input source တို့ရဲ့ သဘောတရားလေးကို ရှင်းပြပါရစေ။ Ubuntu, Windows, Android, iDevice ဘယ် System မှာမဆို မြန်မာလိုမြင်ရဖို့ မြန်မာ font လိုအပ်ပြီး မြန်မာလို ရေးသားနိုင်ဖို့ Keyboard လိုအပ်ပါတယ်။ လက်ရှိကျွန်တော်တို့ online မှာ၊ User တွေကြားမှာ အဓိကသုံးနေတဲ့ မြန်မာစာ Font ၂မျိုးရှိပါတယ်။ ဇော်ဂျီ နဲ့ ယူနီကုဒ်ပါ။ ဇော်ဂျီကတော့ Web ပေါ်မှာရော Social Network တွေမှာပါအသုံးများတာ အားလုံးပဲသိကြမှာပါ။ မြန်မာ font ဆိုတာနဲ့ ဇော်ဂျီကိုပဲ သတိရကြတာပါ။ တကယ်တမ်းတော့ ဇော်ဂျီက Unicode ဆိုတဲ့စနစ်ကို အခြေခံထားပေမယ့် အပြည့်အဝမလိုက်နာထားတဲ့ Font အမျိုးအစားတစ်ခုပါ။ ယူနီကုဒ်စနစ်ကို လိုက်နာပြီး Ubuntu မှာပါအဆင်ပြေတဲ့ Font တွေကတော့ Padauk, Myanmar3, Tharlon, Noto Sans Myanmar, Yunghkio, Mon3 Anonta 1 တို့ပဲဖြစ်ပါတယ်။ Ubuntu မှာကတော့ Unicode Font အနေနဲ့ Padauk font ပါဝင်ပြီးသားဖြစ်ပေမယ့် Zawgyi သုံးပြီးရေးထားတာတွေကို မြင်ရဖို့အတွက်တော့ Zawgyi font install လုပ်ပေးဖို့လိုအပ်ပါတယ်။
Keyboard (Input Source) ဆိုတာကတော့ မြန်မာလိုစာရိုက်နိုင်ဖို့အတွက်ပါ။ Zawgyi font သုံးပြီးစာရိုက်နိုင်ဖို့အတွက် Zawgyi Keyboard လိုအပ်သလို ယူနီကုဒ်သုံးပြီး စာရိုက်နိုင်ဖို့အတွက် Unicode Keyboard လိုအပ်ပါတယ်။ တချို့တွေမေးကြပါတယ်။ မြန်မာလိုမြင်ရပေမယ့် စာရိုက်လို့မရလို့ပါတဲ့။ အဲဒါကတော့ Zawgyi Font သွင်းထားပြီး keyboard မသွင်းထားတဲ့အတွက် စာရိုက်လို့မရတာပါ။ Zawgyi မှမဟုတ်ပါဘူး Unicode လည်း keyboard မသွင်းထားရင် မြန်မာလို စာရိုက်လို့မရပါဘူး။
Ubuntu Installation ပြုလုပ်တဲ့အချိန် Location ကို Rangoon ရွေးခဲ့ရင်တော့ ယူနီကုဒ် Padauk font ပါဝင်လာပြီး ပြက္ခဒိန်ကို မြန်မာလိုမြင်ရပါလိမ့်မယ်။ Keyboard အနေနဲ့ကတော့ xkb input method ကိုအခြေခံထားတဲ့ unicode keyboard တစ်ခုပါဝင်ပြီးသားပါ။ Text Entry ဆိုတဲ့ setting ထဲမှာ ထပ်ဖြည့်ပေးရပါတယ်။ ဇော်ဂျီသုံးချင်တယ်ဆိုလျှင်တော့ Zawgyi Font နဲ့ Keyboard ကိုထပ်သွင်းပေးရပါလိမ့်မယ်။
xkb input method ကိုသုံးထားတဲ့ keyboard က သုံးရတာပေါ့ပေါ့ပါးပါးရှိပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လိုနဲ့ မြန်မာလိုကို ပြောင်းဖို့အတွက် shortcut key နှစ်ခုကို တွဲနှိပ်ပေးရပါတယ်။ Control + Shift ဒါမှမဟုတ် Alter + Shift key တွေကို တွဲနှိပ်ပေးရတာမျိုးပါ။ ကျွန်တော့်အနေနဲ့ အဓိကသုံးဖြစ်တာကတော့ IBus input method ကိုသုံးထားတဲ့ keyboard ပါ။ သူ့မှာထူးခြားတာက အင်္ဂလိပ်၊ မြန်မာ ပြောင်းဖို့အတွက် Left Shift key တစ်ခုတည်းကိုပဲတစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူပြောင်းပေးနိုင်တာပါ။ keyboard layout နဲ့ ရိုက်ရတဲ့ပုံစံကတော့ xkb အတိုင်းပါပဲ။
နောက်တစ်ခုက Zawgyi Font နဲ့ပက်သက်ပြီး တက်တတ်တဲ့ပြဿနာလေးပါ။ Ubuntu ကို Install လုပ်ပြီးပြီးချင်း တမ်းသုံးလို့ရတာက Padauk Unicode Font နဲ့ပါ။ အဲဒါကို ကျွန်တော်တို့က Zawgyi သုံးနေကျမို့ Zawgyi Font ကို install လုပ်လိုက်မယ်ဆိုရင် System တစ်ခုလုံး မြန်မာလိုကို Zawgyi font နဲ့ ပြပေးသွားမှာပါ။ အဲဒီအခါ နဂိုက မှန်မှန်ကန်ကန်ပြနေတဲ့ ပြက္ခဒိန်မှာရှိတဲ့ မြန်မာစာသားတွေအားလုံး တလွဲဖြစ်သွားပါလိမ့်မယ်။ အကြောင်းကတော့ Unicode နဲ့ရေးထားတဲ့ စာသားတွေကို Zawgyi font သုံးပြီး ပြပေးသလို ဖြစ်သွားတာကြောင့်ပါ။ အကြောင်းအရင်ကတော့ System Fallback Font သတ်မှတ်တဲ့ နေရာမှာ System က Code Point တစ်နည်းအားဖြင့် Character Symbol များတဲ့ font ကိုပဲအဓိကထားပြီးရွေးလို့ပါ။ Fallback Font ဆိုတာကတော့ အရှင်းဆုံးပြောရရင် အက္ခရာတိုင်းအတွက် ဘယ်အက္ခရာကို ဘယ် font နဲ့ပြပေးမယ်ဆိုတာကို သတ်မှတ်ပေးတာပါ။ Unicode font တွေနဲ့ ယှဉ်ရင် Zawgyi က Code Point ပိုများပါတယ်။ ဥပမာ Unicode မှာ ရရစ်  ကတစ်မျိုးတည်းရှိပြီး Zawgyi မှာတော့ ၈မျိုးလောက်ရှိပါတယ်။ ဒါကြောင့် မြန်မာအက္ခရာတွေအတွက် System Font သတ်မှတ်တဲ့နေရာမှာ Zawgyi က Unicode ထက် အသာစီးရပြီး သူ့ကိုပဲ Fallback Font အနေနဲ့သုံးသွားတာပါ။ အလျှင်ကတော့ အဲဒီပြဿနာကိုဖြေရှင်းဖို့ system fallback font ကို ပြောင်းလဲသတ်မှတ်ပေးနိုင်တဲ့ my-fs-cli ဆိုပြီး command-line tool လေးလုပ်ပေးထားဖူးပါတယ်။ launchpad ရဲ့ ppa ကနေတစ်ဆင့် ဒါမှမဟုတ် .deb file ကို download လုပ်ပြီးဖြစ်ဖြစ် install လုပ်နိုင်ပါတယ်။ ဒါပေမယ့် User တွေအနေနဲ့ keyboard တစ်ခါ install လုပ် font ပြဿနာအတွက် အဲဒီ tool ကို တစ်ခါ install ထပ်လုပ်နဲ့ဆိုတော့ အဆင့်တွေများပါတယ်။
အခု အဲဒီပြဿနာတွေကို အလွယ်တကူရှင်းနိုင်ဖို့အတွက် keyboard နဲ့တစ်ပါတည်း fallback font switcher ကိုပါထည့်ပေးထားလိုက်ပါတယ်။ installation ကိုလဲ အလွယ်ကူဆုံး၊ အရှင်းဆုံးဖြစ်အောင်လို့ အသေးစိပ်ဖေါ်ပြပေးပါ့မယ်။ အလျှင်ဦးဆုံး Terminal ကိုဖွင့်ပြီး အောက်မှာဖော်ပြထားတဲ့အတိုင်း command ကို တစ်ကြောင်းပြီး တစ်ကြောင်းရိုက်သွားလိုက်ပါ။
$ wget https://github.com/naingyeminn/mm-kb/archive/master.zip -O mm-kb.zip
$ unzip mm-kb.zip
$ cd mm-kb-master/
$ sudo make install
$ ibus-daemon -rdx
$ im-config -n ibus
$ gsettings set org.freedesktop.ibus.panel show 0
Command အားလုံးရိုက်ပြီးပြီဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း တစ်ဆင့်ချင်းသွားပြီး Keyboard ကို activate လုပ်ပေးရပါမယ်။
  • Text Entry Settings… ကိုရွေးပါ။
Text Entry Setting
  • ”+” button ကိုနှိပ်ပြီး search box ထဲမှာ Burmese လို့ရိုက်ထည့်ပြီးရှာလိုက်ပါ။ Burmese, Burmese (mm-myanmar3), Burmese (mm-zawgyi) ဆိုပြီး Keyboard Layout သုံးခုတွေ့ရပါလိမ့်မယ်။
input
  • Unicode အတွက် Burmese (mm-myanmar3) ဖြစ်ပြီး Zawgyi အတွက်ကတော့ Burmese (mm-zawgyi) ဖြစ်ပါတယ်။ ကြိုက်ရာကိုရွေးထည့်ပြီး အသုံးပြုနိုင်ပါတယ်။ Burmese ကတော့ မူရင်းပါဝင်ပြီးဖြစ်တဲ့ xkb unicode keyboard ပါ။
  • keyboard layout ကိုတော့ Super + Space key ကိုနှိပ်ပြီး ပြောင်းနိုင်ပါတယ်။ keyboard နှစ်ခုထည့်ထားလျှင် နှစ်ခု၊ သုံးခုထည့်ထားလျှင် သုံးခု အလှည့်ကျ ပြောင်းပေးသွားမှာပါ။
  • မြန်မာလိုစာရိုက်နေရာကနေ အင်္ဂလိပ်လို ပြန်ရိုက်ချင်တယ်ဆိုရင် English keyboard ပြောင်းနေစရာမလိုပါဘူး။ ရိုက်နေတဲ့ Zawgyi ဒါမှမဟုတ် Myanmar3 keyboard ကနေပဲ Left Shift key ကိုတစ်ခက်နှိပ်ပေးလိုက်တာနဲ့ အင်္ဂလိပ်လိုဖြစ်သွားမှာပါ။ နောက်တစ်ချက်ထပ်နှိပ်ရင်တော့ မြန်မာလိုပြန်ပြောင်းပေးပါလိမ့်မယ်။
  • အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့အတိုင်း mm-kb ကို install လုပ်လိုက်တာနဲ့ System font အနေနဲ့ Zawgyi ကို အလိုအလျောက်သုံးသွားပါလိမ့်မယ်။ Unicode သုံးချင်သူတွေအနေနဲ့ကတော့ Unity Dashboard ထဲမှာ myanmar လို့ရိုက်ပြီးရှာကြည့်လိုက်ပါ။ Myanmar Font Switcher တွေ့ပါလိမ့်မယ်။ Zenity သုံးပြီးရေးထားတဲ့ Script လေးပါ။ အဲဒီ script လေးသုံးပြီး ပေးထားတဲ့ Font တွေထဲကမှ ကြိုက်နှစ်သက်ရာ Font ကိုပြောင်းပေးနိုင်ပါတယ်။
myanmar-font-switcher
myanmar-font-switcher
  • Zawgyi အသုံးပြုတဲ့သူတွေအနေနဲ့ Zawgyi font ကြောင့် မြန်မာလိုပြပေးနေတဲ့ Date/Time စာသားတွေ လွဲသွားတာကိုမလိုချင်ရင်တော့ အင်္ဂလိပ်လိုပြောင်းပေးနိုင်ပါတယ်။ System Preferences> Language Support> Regional Formats မှာ Burmese ကို English (United States) ပြောင်းပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
Language Support
အဆင်မပြေတာ ဒါမှမဟုတ် လိုအပ်တာများကိုအကြံပေးချင်၊ အကြောင်းကြားချင်ရင်တော့ Comment ကနေဖြစ်စေ Facebook  မှာဖြစ်စေ မေးမြန်းအကြံပေးနိုင်ပါတယ်။

Tuesday, September 24, 2019

0 Nmap port scanner

Introduction

Nmap is a Network mapper. It is free, open-source port scanner available for both UNIX and Windows.
It has an optional graphical front-end, NmapFE, and supports a wide variety of scan types, each one with different benefits and drawbacks.
This article describes how to install and perform information gathering with nmap.

Installation

Install on ubuntu

On the download page http://nmap.org/download.html.
Start a terminal and run following command:
wget[ https://nmap.org/dist/nmap-7.12.tar.bz2](https://nmap.org/dist/nmap-7.12.tar.bz2)
tar jxvf nmap-7.12.tar.bz2
cd nmap-7.12/
./configure
make
make install
If the installation has been successful, run nmap comman will show folowing result:

Usage

1. Basic port scan, check open ports:

command:
nmap [IP Address or hostname]
Sample outputs:

2. Stealth port scan:

command:
nmap -sS [IP Address]
Sample outputs:

3. Scan the service and version running on Open Ports :

command:
nmap -sV [IP Address]
Sample outputs:

4. Some times if a server is blocking your ping and acting dead then you can use -Pn switch to scan it:

command:
nmap -sV -Pn [IP Address]
Sample outputs:

5. OS Fingerprinting:

command:
nmap -O  [IP Address]
Sample outputs:

6. Detect open host on network:

use options: -sn (no port scan) for detect open host only. -Pn for skip host discovery and perporming scan port.
command:
nmap -sn [range IP]
Sample outputs:

command:
nmap -Pn [range IP]
Sample outputs:



Saturday, March 16, 2019

0 PYIDAUNGSU_Front_ထည္႔သြင္းနည္းနွင္႔အသံုးျပဳနည္း



ျပည္ေထာင္စုေဖာင္႔ႏွင္႔ကီးဘုတ္ကို ေအာက္ကလင္႔မွာေဒါင္းပါ

13MB


Wednesday, February 6, 2019

0 What Is Penetration Testing?



Click Here For Zawgyi Font

Unicode Font

Penetration Testing ဆိုတာဘာလဲ?

Penetration Testing ဆိုတာကတော့ Network များ Websites များ ၏ အားနည်းချက်များကို ရှာဖွေပေးခြင်း ပြုပြင်ပေးခြင်း ဖြစ်သည်။ Penetration Testing လုပ်ငန်းအဆင့်ဆင့်တွင် အချက်အလက်များစုဆောင်းခြင်း ၊ အားနည်းချက်များရှာဖွေခြင်း ၊ ထိုးဖောက်ဝင်ရောက်ခြင်း ၊ အားနည်းချက်များကို ပြုပြင်ခြင်းနှင့် မှတ်တမ်းမှတ်ရာများ ထားရှိခြင်း ဖြစ်သည်။ Penetration Testing ၏ အဓိက လုပ်ငန်းဆောင်တာကတော့ အစိုးရဆိုင်ရာအဖွဲ့အစည်းများ ကုမ္ပဏီများ လူပုဂ္ဂိုလ်များအတွက် နည်းပညာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စစ်ဆေးပေးခြင်း ပင်ဖြစ်ပါတယ်။

Penetration Tester ကိုအတိုကောက်အားဖြင့် Pentester ဟုခေါ်ပါသည်။ Pentester များသည် White Hat များ ဖြစ်ကြပါသည်။ ဘာကြောင့်လဲဆိုတော့ Administrator ခွင့်ပြုချက်မရဘဲ မည်သည့် မကောင်းသည့် ထိုးဖောင်မှူ့မျိုးမှ မလုပ်သည့် လူစားမျိုး ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။



Sqlmap သည် Penetration Testing Tool တွေထဲမှာ အကောင်းဆုံးများထဲမှ တစ်ခုအပါအဝင်ပါဖြစ်ပါတယ်။ Application နှင့် Security Vulnerability ကို ပေါင်းစပ်ပြီး Tool တစ်ခု အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ Python ဖြင့်ရေးသားထားပြီး Websites များ၏ အားနည်းချက်များကို ဖော်ထုတ်ရာတွင် အဓိကသုံးပါတယ်။ Linux , Mac OS and Windows OS များတွင် ကောင်းမွန်စွာ အလုပ်လုပ်ပါသည်။
Sqlmap ကို Python နဲ ့ develop လုပ်ထားပြီးတော့ Backtrack 5, Backtrack 5 R1 အပါအဝင် Backtrack Version အားလုံးနှင့် Kali Linux မှာ Built in ပါဝင်တဲ့ အကောင်းဆုံး SQL injection tool တစ်ခုပါ။ သူက database တစ်ခုလုံးကို takeover လုပ်လို ့ရတဲ့ powerful tool တစ်ခုလည်းဖြစ်ပါတယ်။



Click Here For Unicode Font

Zawgyi Font

Penetration Testing ဆိုတာဘာလဲ?

Penetration Testing ဆုိတာကေတာ့ Network မ်ား Websites မ်ား ၏ အားနည္းခ်က္မ်ားကုိ ရွာေဖြေပးျခင္း ျပဳျပင္ေပးျခင္း ျဖစ္သည္။ Penetration Testing လုပ္ငန္းအဆင့္ဆင့္တြင္ အခ်က္အလက္မ်ားစုေဆာင္းျခင္း ၊ အားနည္းခ်က္မ်ားရွာေဖြျခင္း ၊ ထုိးေဖာက္၀င္ေရာက္ျခင္း ၊ အားနည္းခ်က္မ်ားကုိ ျပဳျပင္ျခင္းႏွင့္ မွတ္တမ္းမွတ္ရာမ်ား ထားရွိျခင္း ျဖစ္သည္။ Penetration Testing ၏ အဓိက လုပ္ငန္းေဆာင္တာကေတာ့ အစုိးရဆုိင္ရာအဖြဲ႕အစည္းမ်ား ကုမၸဏီမ်ား လူပုဂၢိဳလ္မ်ားအတြက္ နည္းပညာ လုံျခံဳေရးဆုိင္ရာကိစၥရပ္မ်ားကုိ စစ္ေဆးေပးျခင္း ပင္ျဖစ္ပါတယ္။

Penetration Tester ကုိအတုိေကာက္အားျဖင့္ Pentester ဟုေခၚပါသည္။ Pentester မ်ားသည္ White Hat မ်ား ျဖစ္ၾကပါသည္။ ဘာေၾကာင့္လဲဆိုေတာ့ Administrator ခြင့္ျပဳခ်က္မရဘဲ မည္သည့္ မေကာင္းသည့္ ထုိးေဖာင္မွူ႕မ်ိဳးမွ မလုပ္သည့္ လူစားမ်ိဳး ျဖစ္သည့္ အတြက္ေၾကာင့္ ျဖစ္သည္။


Sqlmap သည္ Penetration Testing Tool ေတြထဲမွာ အေကာင္းဆံုးမ်ားထဲမွ တစ္ခုအပါအ၀င္ပါျဖစ္ပါတယ္။ Application ႏွင့္ Security Vulnerability ကုိ ေပါင္းစပ္ျပီး Tool တစ္ခု အျဖစ္ ဖန္တီးထားျခင္းျဖစ္သည္။ Python ျဖင့္ေရးသားထားျပီး Websites မ်ား၏ အားနည္းခ်က္မ်ားကုိ ေဖာ္ထုတ္ရာတြင္ အဓိကသုံးပါတယ္။ Linux , Mac OS and Window OS မ်ားတြင္ ေကာင္းမြန္စြာ အလုပ္လုပ္ပါသည္။

Sqlmap ကို Python နဲ ့ develop လုပ္ထားျပီးေတာ့ Backtrack 5, Backtrack 5 R1 အပါအ၀င္ Backtrack Version အားလံုးႏွင့္ Kali Linux မွာ Built in ပါ၀င္တဲ့ အေကာင္းဆံုး SQL injection tool တစ္ခုပါ။ သူက database တစ္ခုလံုးကုိ takeover လုပ္လို ့ရတဲ့ powerful tool တစ္ခုလည္းျဖစ္ပါတယ္။

Friday, January 11, 2019

0 TTF Front 2000+


စာစီစာရိုက္သမားမ်ား.... ဒီဇိုင္းသမားမ်ားအတြက္ ျမန္မာစာလံုးအလွ ၂၀၀၀ ေကာ်္ကို စုစည္းၿပီးတင္ေပးလိုက္ပါတယ္...... ေအာက္မွာ ေဒါင္းယူပါ......................




Wednesday, December 12, 2018

0 Windows 10 Zawgyi Fon






Windows 10 Zawgyi Font မမွန္ေသးဘူးလား ? က်ေနာ္ခုေပးထားတဲ့ Zip ေလးကို Download လုပ္လိုက္ပါ။ၿပီးရင္ ရလာတဲ့ floder က Zawgyi Font File ထဲက Font ၅ခုကို install ပါ။Keyboard Floder က Setup ကို install ေပးလိုက္ပါ။ဒါဆို Zawgyi Font မွန္သြားပါၿပီး။Search Bar မွာမမွန္ေသးဘူးလား Task Bar မွာ right Click Task Manager ထဲ၀င္ Window Explorer ကို Restart ခ်ေပးလိုက္ပါ။ဒါဆို ok သြားပါၿပီး။ေအာက္မွာပံုေလးေတြၾကည့္ေပးပါ။
Download link

Wednesday, September 26, 2018

0 How to Shutdown Windows 10 Auto Update / Windows 10 Auto Update ပိတ္နည္း

Windows 10 Auto Update ပိတ္နည္း.... အရမ္းလြယ္ပါတယ္..... Video ၾကာခ်ိန္ (၁မိနစ္နွင္႔၁၁စကၠန္႔)