ဒီကျူ တိုရီရယ်များကိုတော့ ကွန်တော်တို့ဂရုမန်ဘာများအတွက် Kali နဲ့ပတ်သက်ပြီးသိသင့်သိထိုက်တာများသိရှိရန်
နှင့် Tools များအသုံးမပြုခင် လိုအပ်တဲ့ ပြင်ဆင်မှုများအတွက် ရေးသားသွားမှာဖြစ်ပါတယ်
အရင်ဆုံး Source List ကိုပြင်ပါမယ် Update && Upgrade လုပ်ပါမယ်
Software များ install လုပ်ဖို့ Software-Center သွင်းပါမယ် OFFICE အပိုင်းအသုံးပြုမယ်ဆို
LiberOffice ကိုပါ တစ်ခါတည်းထည့်သွင်းပါမယ်
လိုအပ်တယ်ထင်ပါက Crome & Fifrfox သွင်းပါမယ်
Online ကနေ လိုအပ်တာဒွေကို ဒေါင်းလုပ်လုပ်မယ်ဆို လိုအပ်တဲ့ Downloader တွေသွင်းပါမယ်
Image များပြင်ဆင်ဖို့အတွက် GMIP ကိုသွင်းပါမယ်
စာရေးရန်အတွက် Gedit ကိုသွင်းပါမယ်
အခြားလိုအပ်သည်များကိုလည်း တစ်ခုခြင်းသွင်းပါမယ်
နောက်ဆုံး ပြီးပြည့်စုံပြီထင်ပါက Update && Upgrade လုပ်ခြင်းဖြစ် အဆုံးသတ်ပါမယ်
Source List ကိုပြင်တဲ့နေရာမှာတော့
အရင်ဆုံး မူလရှိတဲ့ Source List ကို Backup လုပ်ပါမယ်
root@kali:~# mv /etc/apt/sources.list /etc/apt/sources.list.backup
root@kali:~# wget http://sourceforge.net/projects/kaais/files/Custom_Files/sources.list -O /etc/apt/sources.list
ပြီးရင် Update && Upgrade လုပ်ပါမယ်
root@kali:~# apt-get update
root@kali:~# apt-get upgrade
Software Center သွင်းမယ်ဆိုရင်တော့
root@kali:~# apt-get install software-center
Office သွင်းမယ်ဆိုရင်တော့
Applications >> System Tools >> Adminstration >> Software center ကနေသွားပြီး
Software-center ထဲက Search box ထည်းမှာ Office လို့ရိုက်ပြီး သွင်းနိုင်ပါတယ်
Browser များကို ဆက်ပြင်ဆင်ပါမယ်
ကျွန်တော်ကတော့ Iceweasel နဲ့ Google Crome သုံးပါတယ် Crome ရဲ့အားသာချက်ကFlash Player သွင်းစရာမလိုပဲ Youtube စတာတွေကို အသုံးပြုနိုင်တာပါပဲ :D
Iceweasel ကတော့ အသင့်ပါဝင်ပြီးသားဖြစ်တဲ့အတွက် Google Crome သွင်းနည်းနဲ့ Addonအနည်းငယ်ကို အရင်သွင်းပါမယ်
root@kali:~# dpkg -i /root/google-chrome-stable_current_i386.deb
တန်းပြီးအသုံးပြုလို့မရသေးပါဘူး
File System >> Opt >> google >> chrome >> google-chrome ကို leafpad ဖြင့်ဖွင့်ပါ
အောက်ဆုံးက exec -a "$0" "$HERE/chrome" "$@" ဘေးမှာ -user-data-dir လို့ရိုက်ထည့်ပေးလိုက်ပါ ဒါဆိုရင်တော့ Chrome အသုံးပြုလို့ရပါပြီ
Iceweasel သုံးမယ်ဆိုရင်တော့ Adobe Flash Player သွင်းရပါလိမ့်မယ်
root@kali:~# wget http://fpdownload.macromedia.com/get/flashplayer/pdc/11.2.202.310/
root@kali:~# tar xvfz install_flash_player_11_linux.i386.tar.gz
libflashplayer.so ကို
File System >> usr >> lib >> mozilla >> plugins ထဲသွားထည့်ပေးလိုက်ပါ ဒါဆိုရပါပြီ
Downloader များမှာတော့ ကြိုက်နှစ်သက်ရာ တစ်ခု သို့မဟုက် အကုန်သွင်းရင်လည်းရပါတယ်
root@kali:~# apt-get install uget
root@kali:~# apt-get install qbittorrent
နောက်တစ်ခုက xdman_all_linux ပါပဲ IDM ထက် ပိုကောင်းပိုမြန်တယ်လို့ဆိုပါတယ်
xdman_all_linux.tar.gz ကို Desktop ပေါ်တင်ပေးထားပါ
root@kali:~# cd Desktop
root@kali:~# tar xvf xdman_all_linux.tar.gz
root@kali:~# chmod +x install.sh
root@kali:~# ./install.sh
စာရေးဖို့အတွက်ကတော့ Gedit က မသုံးလည်းရပါတယ် သွင်းချင်ရင်တော့
root@kali:~# apt-get install gedit
ဓါတ်ပုံများပြင်ချင်တယ်ဆိုရင်တော့ Linux ရဲ့ Photoshop ဖြစ်တဲ့ GIMP သွင်းပါမယ်
root@kali:~# apt-get install gimp
အခုနောက်ဆုံး မြန်မာစာ Zawgyi သွင်းပါမယ်
root@kali:~# tar xvf zawgyi_keyboard-0.3.3.tar.gz
root@kali:~# cd zawgyi && python zawgyi_keyboard.py
ပြီးရင်တော့ I ဟုရိုက်ပြီး Install လုပ်ပါပြီးရင် q နဲ့ ထွက်ပါ
Desktop ရဲ့ ညာဘက်အပေါ်နားက root >> System Settings >> Keyboard >> Layout Settings
Box ထဲက ဘယ်ဘက် အောက်ဆုံးနားက + ကို နှိပ်ပြီး Burmese ကိုရွေးပေးပါ
ပြီးရင် Burmese ကို ကလစ်ထောက်ပြီး Options ကို ကလစ်ပြီး
Keys change to layout ကို ကလစ်ပြီး Ctrl + Shift ကိုရွေးပြီး ထွက်လိုက်ပါက မြန်မာဖောင့်အသုံးပြုလို့ရပါပြီ သို့ပေမယ့် error ရှိနေနိုင်ပါတယ်
မြန်မာစာရေးသားတဲ့နေရာမှာ အဆင်မပြေမှုများတွေ့ရပါတယ် ဥပမာ ( ဦး ) ဆိုရင် ( Oီး) ကဲ့သို့ အမှားမျိုး
ပက်ဆင့်အရေးအသားများရေးသားမရချင်းစသည့်အရာများကိုဖြေရှင်းချင်ပါက
Desktop ရဲ့ ညာဘက်အပေါ်နားက root >> System Settings >> Keyboard >> Layout Settings
Box ထဲက ဘယ်ဘက် အောက်ဆုံးနားက + ကို နှိပ်ပြီး Burmese Zawgyiကိုရွေးပေးပါ
ပြီးရင် Burmese Zawgyi ကို ကလစ်ထောက်ပြီး Options ကို ကလစ်ပြီး
Keys change to layout ကို ကလစ်ပြီး Ctrl + Shift ကိုရွေးပြီး ထွက်လိုက်ပါက မြန်မာဖောင့်အသုံးပြုလို့ရပါပြီ
နောက်တစ်ခုကတော့ Teamviewer သွင်းပါမယ် လိုအပ်ရင်တော့ သွင်းထားပေါ့ မလိုဝူးဆိုရင်တော့ မသွင်းလည်းရပါတယ်
root@kali:~# dpkg -i /root/teamviewer_linux.deb
Gnome Tweak Tool သွင်းချင်ရင်တော့
root@kali:~# apt-get -y install gnome-tweak-tool
Network ချိတ်ရာမှာ Error တက်နေသူုများကတော့
root@kali:~# apt-get install wicd-gtk ကိုသွင်းပြီး ဖြေရှင်းလို့ရပါတယ်
Conky သွင်းပါမယ်
dpkg -i /root/conky-manager_1.2.0.1_i386.deb
Applications >> Accessories >> Conky Manager ကိုဖွင့်ပြီး စမ်းကလိနိုင်ပါပြီ :D
Skype အသုံးပြုလိုသူများကတော့
root@kali:~# wget -P /root/ http://download.skype.com/linux/skype-debian_4.2.0.11-1_i386.deb
root@kali:~# dpkg -i /root/skype-debian_4.2.0.11-1_i386.deb
သွင်းစရာများ သွင်းပြီးသွားရင်တော့
ဒါဆိုရင်တော့ ပြင်ဆင်မှုအပိုင်းအကုန်ပီးဆုံးပြီလို့ပြောလို့ရပါပြီ
ဒါဆိုရင်တော့ သင်၏ Kali Linux OS သည် Window တစ်ခုကဲ့သို့ စတင်အလုပ်လုပ်နိုင်ပါပြီ
ဒီတော့ Tools များ Application များ အသုံးပြုတဲ့အပိုင်းကိုဆက်သွားပါမယ်
Tools တွေကတော့ များလွန်းတဲ့အတွက် တစ်ခုချင်းစီ အသုံးပြုပြသွားပါ့မယ်
အခုလက်တလောမှာတော့ အသစ်သွင်းထားတဲ့ software များကို အရင်စမ်းသုံးကြည့်ပါ
ကိုယ်တိုင်စမ်းသပ်ပြီး သုံးကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်