Android ဖုန်းတွေမှာ SD Card အလိုလိုနေရင်း ပြည့် နေတဲ့  ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းလေးပါ..
Android ဖုန်း ကို အနည်းငယ် ကလိ ဖူးသူတွေသိကြမှာပါ... Sd card ထဲမှာ ဘာဖိုင်မှလည်းသိပ်မထည့် ရပဲနဲ့ ပြည့်နေတာမျိုး .ဖျက်ဖို့ ရှာဖွေကြည့် တော့ လည်းဘာမှမတွေ့ ... ခက်တော့ ခက်နေပြီ။ လွယ်ပါတယ်။။။ ဖြေရှင်းနည်းလေးကတော့ 
၁။ သင့် ဖုန်းရဲ့ ဖိုင်မန်နေဂျာ ကို ဖွင့် ပါ.။
၂။ ဖိုင်မန်နေဂျာရဲ့ settings ထဲမှာ show hidden files ကို လိုက်ရှာပြီး အမှန်ခြစ်ပေးပါ။
၃။ ပြီးရင် ဖိုင်မန်နေဂျာ sd card ထဲက DCIM ဖိုဒါ ကို သွားပါ.။ .thumbnails ဆိုတဲ့ folder
တွေ့ ပါလိမ့် မယ်။ တရားခံကသူပါပဲ။ ဖိုဒါပေါ်မှာဖိထားပြီး properties ကြည့် ကြည့်လိုက်ပါ... ဖိုင်ဆိုက်အကြီးကြီးဖြစ်နေတာ တွေ့ ရပါလိမ့် မယ်...
၎။ အဲ့ ဒီ ".thumbnails" ဆိုတဲ့ ဖိုဒါကို စိတ်ချလက်ချသာဖျက်လိုက်ပါ။
၅။ မပြီးသေးပါဘူး။အဲ့ လိုဖျက်လိုက်ပေမယ့် လည်း အဲ့ ဒီဖိုဒါက အလိုလို ပြန်ပေါ်လာတတ်ပါတယ်။ ဒါကိုဖြေရှင်းဖို့ အတွက်ကတော့ အောက် မှာပေးထားတဲ့  ဖိုင်လေးကို ဒေါင်းလုပ် ဆွဲပြီး Zip ဖြည် ပေးပါ။ ထွက်လာတဲ့  ".thubnails" ဖိုင်ကို sdcard ထဲ က DCIM ဖိုဒါထဲမှာထားပေးလိုက်ပါ။
ဒါဆိုရင်တော့ Android ဖုန်းတွေမှာ SD Card အလိုလိုနေရင်း ပြည့် နေတဲ့  ပြဿနာ ကို ဖြေရှင်းလို့ ပြီးပါပြီ။
click here to download
အဆင်ပြေပါစေ။
Myat Thu Kyaw (Zero Day)

ကျေးဇူးပြုပြီးကျတော့phကSDcardထည့်တာဘာမှပေါ်မလာဘူး
ReplyDeleteဖြစ်နေတယ်တယ်SDcardကတော့အကောင်းကြီးပါSDcardသုံးမရလို့ကူညီပေးပါအုံးခဗျာohအမျိုးစားက ZTE BLADE V7 LITEဖြစ်ပါတယ်ခဗျာ