Saturday, July 28, 2018

0 Website တွေကို လက်ဗွေရာနဲ့ Login ဝင်နိုင်တော့မည်

W3C နဲ FIDO Alliance တို့က ဘရောက်စာများမှာ ၀က်ဆိုက်များကို Password များအစား Login ၀င်နိုင်မယ့် နည်းလမ်းအသစ်ကို ကြေညာလိုက်ပါတယ်။ စမတ်ဖုန်းများမှ Fingerprint Scanner , Facial Recognition များဖြင့် ဘရောက်စာများမှာ ၀က်ဆိုက်များကို Login ၀င်နိုင်မှာပါ။ အဲဒီ နည်းစနစ်ကို WebAuthn လို့ အမည်ပေးထားပြီး နောက်ဆုံးထုတ် Firefox Version မှာ သူ့ကို သုံးနိုင်ပါပြီ။ လာမယ့်လ အနည်းငယ်မှာ ထွက်မယ့် Chrome , Edge များမှာလည်း သုံးနိုင်တော့မှာပါ။
WebAuthn ဟာ W3C ရဲ့ ခွင့်ပြုချက်ရဖို့ အချိန် နှစ်နှစ်နီးပါး စောင့်ခဲ့ရပါတယ်။ Apple ဟာ ဒီစံနှုန်းကို ဖန်တီးတဲ့ အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပါဝင်ခဲ့ပေမယ့် ဆာဖာရီ ဘရောက်စာမှာ ဒီစံနှုန်းကို ထည့်သွင်းပေးမလားဆိုတာကို မပြောသေးပါဘူး။
ယခုစံနှုန်းကြောင့် Passords များ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှုများ သက်သာစေတဲ့ အပြင် Biometrics , USB Tokens များလို ပိုမို လုံခြုံတဲ့ Login နည်းလမ်းများကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းများကို နာမည်ကျော် ၀က်ဆိုက်များဖြစ်တဲ့ Google , Facebook တို့မှာ သုံးနိုင်ပြီ ဖြစ်ပြီး FIDO စံနှုန်းဖြင့် ဖန်တီးထားတဲ့ Yubikey Token ကို အသုံးပြု၍ Login ၀င်နိုင်ပါတယ်။
WebAuthn က မထင်မရှား ၀က်ဆိုက်များအတွက်လည်း ဒီနည်းလမ်းကို လွယ်ကူစွာ ပံ့ပိုးပေးဖို့ ကူညီပေးပါ တယ်။ သင့်ရဲ့ စမတ်ဖုန်းကို Login အတွက် ဒုတိယ သော့လို သုံးနိုင်သလို Password ကို လုံးဝ မသုံးတော့ဘဲ သင့်ရဲ့ စမတ်ဖုန်းဖြင့် Login ၀င်နိုင်ပါတယ်။ စံနှုန်းအသစ်ကို Open-Source လုပ်ပေးထားတဲ့အတွက် Developers များအတွက်လည်း ဒီနည်းလမ်းကို ထည့်သွင်းပေးဖို့ လွယ်ကူစေပါတယ်။

0 comments:

Post a Comment

1. Di Larang Mencantumkan LINK !

2. Gunakanlah bahasa yang sopan dalam berkomentar !

3. Hindari SPAM, SARA dsb !