အားလုံးအတွက် သတင်းကောင်းတစ်ခု ပေးချင်ပါတယ်၊ ကျွန်တော်လည်း အလုပ်တွေ လက်မလည်တာနဲ့ post မတင်ဖြစ်တာ တော်တော်လေးကို ကြာသွားပါတယ်၊ post မတင်ဖြစ်ပေမယ့် အားလုံးကိုတော့ ကူညီချင်တဲ့ စိတ်က အမြဲတမ်း ဖြစ်ဖြစ်နေပါတယ်၊ အဲဒါကြောင့် အခု အစီအစဉ်ကို လုပ်ရတာဖြစ်ပါတယ်။ အခမဲ့ ရမယ့် ဝန်ဆောင်မှု တစ်ခုကို ပေးချင်တာပါ။
ကျွန်တော် SEO post တွေတင်တော့ တော်တော်များများ စိတ်ဝင်စားတာ တွေ့ရပါတယ်၊ အဲဒီအတွက်လည်း ဆက်ရေးချင်ပါတယ်၊ ရေးလည်း ရေးမှာပါ၊ ဒါပေမယ့် အခု ရေးဖို့ အချိန်မရခင် အတောအတွင်းမှာ အားလုံးကိုလည်း ကူညီချင်ပါတယ်၊ အဲဒါကြောင့် မိတ်ဆွေတို့ website ကို SEO ကောင်းဖို့အတွက် အခမဲ့ ကူညီသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ IT လောက တိုးတက်ဖို့အတွက်ပါ၊ ဒါပေမယ့် ကူညီမယ့်သူကတော့ အကန့်အသတ် ရှိပါတယ်၊ ဘယ်လိုလူတွေ ပါမလဲဆိုတော့-
မြန်မာနိုင်ငံ အတွက်
- နည်းပညာတွေကို အခမဲ့ ဖြန်ဝေပေးတဲ့ website, blog, forum, ...
- အခမဲ့ ဝန်ဆောင်မှု ပေးတဲ့ website (ဥပမာ။ ။ အခမဲ့ အလုပ်ရှာပေးတဲ့ job agency)
- ပရဟိတလုပ်ငန်းနဲ့ ပညာဒါန လုပ်ငန်းများ
- အခြားသော လူအများ အကျိုးရှိစေမယ့် အရာတွေကို အခမဲ့ ဖြန်ဝေပေးတဲ့ website, blog, forum, ..
အစရှိသော website များကို SEO အတွက် အခမဲ့ အကြံပေး ဆွေးနွေးခြင်း၊ ကိုယ်တိုင် ဝန်ဆောင်မှုပေးခြင်း တို့ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်၊ အချိန်အတိုင်းအတာကတော့ အကန့်အသတ် မရှိပါဘူး။ အပေါ်က စာရင်းထဲမှာ မပါသော website များအတွက် ဆက်သွယ်ကြည့်ပါ၊ ဝန်ဆောင်မှု ပေးသင့်တဲ့ website ဆိုရင် ဝန်ဆောင်မှု ပေးပါမယ်။ (ဆက်သွယ်ရန်)
Other Links:
Myanmar web services
Myanmar SEO services
Arakan web services

0 comments:
Post a Comment
1. Di Larang Mencantumkan LINK !
2. Gunakanlah bahasa yang sopan dalam berkomentar !
3. Hindari SPAM, SARA dsb !